my_tw/bible/kt/eunuch.md

2.2 KiB

မိန်းမလျှာ

အသုံးအနှုန်းများ၏အဓိပ္ပါယ်

"မိန်းမလျှာ" သည်သာမန်အားဖြင့် သင်းကွပ်ထားသောအမျိုးသားကို ရည်ညွှန်းသည်။ နောက်ပိုင်းတွင် ဤအသုံးအနှုန်းသည် မည်သည့်အနာအဆာမျှမရှိသော အစိုးရဝန်ထမ်းတိုင်းကို ရည်ညွှန်းသော စကားလုံးဖြစ်လာသည်။

  • ယေရှုက အချို့သောသူတို့သည် အမိဝမ်းတွင်းကပင် မိန်းမလျှာ ဖြစ်ကြသည်ဟုပြောခဲ့သည်၊
  • လ္လိင်အင်္ဂါချို့တဲ့သောကြောင့်သော်လည်းကောင်း၊ လ္လိင်မှုဆိုင်ရာတွင် ကောင်းစွာအလုပ်မလုပ်နိုင်သောကြောင့်ဖြစ်နိုင်သည်။ အခြားသောသူများသည် အိမ်ထောင်မပြုဘဲ မိန်းမလျှာ အဖြစ်သာနေရန်ရွေးချယ်ကြသည်။
  • ရှေးခေတ်တွင်မူ မိန်းမလျှာ (သင်းကွပ်ထားသောအမျိုးသား) များသည် အမျိုးသမီးအဆောင်များတွင် အုပ်ထိန်းသူများအဖြစ်တာဝန်ထမ်းဆောင်သော ဘုရင်၏အစေခံများ ဖြစ်လေ့ရှိသည်။
  • သဲကန္တာရတွင် ဖိလိပ္ပု နှင့်တွေ့သော အဲသယောပိ အမတ်ကဲ့သို့သော အချို့ မိန်းမလျှာ များမှာ အရေးကြီးအစိုးရတာဝန်ရှိပုဂ္ဂိုလ်များဖြစ်သည်။