3.1 KiB
3.1 KiB
နတ်ဆိုး၊ ဝိညာဥ်ဆိုး၊မိတ္ဆာ။
အသုံးအနှုန်းများ၏အဓိပ္ပါယ်
ဤစကားလုံးသည် ဘုရားသခင်၏အလိုတော်ကို ဆန့်ကျင်သော "နတ်ဆိုး" ကို ခေါ်ဆိုခြင်း ဖြစ်သည်။
- ဘုရားသခင်သည် သူ့ကို အစေခံရန် ကောင်းကင်တမန်များ ဖန်ဆင်း သည်။ စာတန်မာနတ်သည် ဘုရားသခင်ကို ပုန်ကန်သည့်အချိန်တွင် ကောင်းကင်တမန် တစ်ချို့ဝင်ပါသည့်အတွက် ကောင်းကင် ဘုံ မှ မောင်းထုတ်ခြင်း ခံရသည်။ ထို့အတွက် နတ်ဆိုးများ သည် ကျဆုံးသွားသော ကောင်းကင် တမန်များဟု ယုံကြည် ကြသည်။
- တစ်ခါတစ်လေ နတ်ဆိုးများကို ဝိညာဥ်ဆိုးများဟု ခေါ်ဝေါတတ်ကြသည်။ "ညစ်ပေသော၊" "ဆိုးဝါးသော၊" "မသန့်သော" ဟူသည့် အဓိပ္ပါယ် ရသည်။
- နတ်ဆိုးများသည် မကောင်းမှုမှန်သမျှကို လုပ်ဆောင် သည်။ တစ်ခါတစ်ရံလူတို့၏အထဲ၌ဝင်ရောက်၍ ထိန်းချုပ်တတ်သည်။
- နတ်ဆိုးများသည် လူသားတို့ထက် ပိုမိုတန်ခိုးကြီးပြီး၊ ဘုရားသခင် ထက်တန်ခိုး ပိုမိုနိမ့်ကျ သည်။
ဘာသာပြန် အကြံပြုချက်။
- "နတ်ဆိုး" ကို တစ်ခါတစ်ရံ "ဝိညာဥ်ဆိုး"ဟု ခေါ်ကြသည်။
- "ဝိညာဥ်ဆိုး၊"ကို တစ်ခါတစ်ရံ "ညစ်ပတ်သောဝိညာဥ်၊" သို့ "မစင်ကြယ်သောဝိညဥ်၊" ဟု ဘာသာပြန်လို့ရပါသည်။
- စကားလုံးကို ဘာသာပြန်ရာတွင် နတ်ဆိုးကို တိုက်ရိုက်ညွန်ပြချင် တာထက် စာပိုက်၏အနှစ်သာရကို ပိုမို ပေါ်လွင်အောင် ရေးသားနိင်ဖို့သတိပြုသင့် ပါသည်။
- ဒေသသုံး ဘာသာစကားတွင် နတ်ဆိုးကို ဘယ်လိုသုံးစွဲသုံးနူန်းထားတယ် ဆိုတာကိုလဲ ထည့်သွင်း စဥ်းစားဖို့ လိုသည်။