2.8 KiB
2.8 KiB
သွေး
အသုံးအနှုန်းများ၏အဓိပ္ပါယ်
သွေးဆိုသည်မှာ လူ၏ခန္ဓာကိုယ်ရှိ ဒဏ်ရာ၊ အနာ မှထွက်လာသော အနီရောင်အရည်ဖြစ်သည်။ သွေးသည် လူ့ခန္ဓာကိုယ်တစ်ခုလုံးအတွက် အသက်တမျှအရေးပါသည်။
- သွေးသည် အသက်ကိုကိုယ်စားပြုသည်။ သွေးသွန်းခြင်းသည် အသက်ဆုံးရှုံးခြင်း၊ သေဆုံးခြင်းကို ကိုယ်စားပြုပါသည်။
- ဘုရားသခင်ထံယဇ်ပူဇော်ရာတွင် တိရစ္ဆာန်ကိုသတ်ပြီး အသွေးကိုယဇ်ပလ္လင်ပေါ်တွင် သွန်းလောင်းကြသည်။ တိရစ္ဆာန်အသက်သွန်းခြင်းသည် လူ၏အပြစ်ကို ဖြေခြင်းပင်ဖြစ်ပါသည်။
- ကားတိုင်ပေါ်တွင် ယေရှုအသေခံခြင်းသည် လူတို့၏အပြစ်ကိုဖြေခြင်း၊ သန့်ရှင်းစေခြင်းအားဖြင့် စီရင်မခံရတော့ခြင်းကို ကိုယ်စားပြုပါသည်။
- အသွေးနှင့်အသား သည် လူသားကိုရည်ညွှန်းခြင်းဖြစ်ပါသည်။
- "မိမိ၏အသွေးအသား" ဆိုသည်မှာ ကိုယ်ကာယနှင့်စပ်ဆိုင်ခြင်းဖြစ်သည်။
ဘာသာပြန်အကြံပြုချက်များ
- ရည်ညွှန်းဘာသာနှင့် သက်ဆိုင်သော သွေးဟူသော အသုံးအနှုန်းများကိုအသုံးပြုသင့်ပါသည်။
- "အသွေးနှင့် အသား" ကို လူ ဟု ဘာသာပြန်ဆိုနိုင်သည်။
- ငါ့အသွေးအသား ဟူသောစကားကို အကြောင်းအရာပေါ်မူတည်ပြီး ငါ့မိသားစု၊ ငါ့ဆွေမျိုး၊ ငါ့လူမျိုးဟု ဘာသာပြန်ဆိုနိုင်သည်။
- မိမိဘာသာပြန်မည့်ဘာသာစကားတွင် အသွေးအသား ဟူသောစကားရှိပါက ထိုစကားကိုအသုံးပြုသင့်သည်။