my_tw/bible/other/word.md

2.4 KiB

သမ္မာတရား

အသုံးအနှုန်းများ၏အဓိပ္ပါယ်

"စကား" သည် တစုံတယောက်ပြောသော အရာဖြစ်သည်။

  • ဥပမာ ကောင်းကင်တမန်မှ ဇာခရိကို "ငါ့စကားကို သင်သည် မယုံ" ဟုပြောသည်။ ဆိုလိုသည်မှာ "ငါပြောသောအရာကို သင်သည် မယုံ" ဟုဆိုလိုသည်။
  • ဤအသုံးအနှုန်းသည် စကားလုံး တစ်လုံးတည်းမဟုတ်ဘဲ သတင်းစကားအားလုံးကို ဆိုလိုသည်။
  • သမ္မာကျမ်းစာတွင် "စကား" ကို ဘုရားသခင်ပြောသောအရာ၊ အမိန့်ပေးသောအရာကို "ဘုရားသခင်၏ နှုတ်ကပတ်တော်" သို့မဟုတ် "သစ္စာစကား" ဟုရည်ညွှန်းသည်။
  • တခါတရံ "စကား" သည် သာမန်ပြောသောစကား "တန်ခိုးနှင့်ပြည့်သောစကားနှင့် တန်ခိုးနှင့်ပြည့်သေအလုပ်" ဆိုလိုသည်မှာ "နှုတ်တန်ခိုးနှင့် အပြုအမူကောင်း" ကို ရည်ညွှန်းသည်။
  • ထူးခြားဖြစ်စဥ်အဖြစ် ယေရှုကို "နှုတ်ကပတ်တော်" ဟုခေါ်သည်။

ဘာသာပြန်အကြံပြုချက်

  • "စကား" သို့မဟုတ် "စကားလုံးများ" ကို ဘာသာပြန်ရာတွင် "သွန်သင်မှု၊ သတင်းစကား၊ သတင်း၊ ပြောကြားမှု၊ သို့မဟုတ် ပြောကြားသောအရာ" တို့ပါဝင်နိုင်သည်။
  • ယေရှုရည်ညွှန်း၍သုံးသော "နှုတ်ကပတ်တော်" ကို "သတင်းကောင်း" သို့မဟုတ် "ငါဆိုသည်ကား" စသည်ဖြင့် ဘာသာပြန်နိုင်သည်။