my_tw/bible/other/wolf.md

1.8 KiB

တောခွေး

အသုံးအနှုန်းများ၏အဓိပ္ပါယ်

တောခွေးသည် ကြမ်းကြုတ်သည်၊ အသားစားသည့်တိရိစ္ဆာန်ဖြစ်ပြီး တောရိုင်းခွေးတစ်မျိုးဖြစ်သည်။

  • တောခွေးများသည် အုပ်စုလိုက် အမဲလိုက်ကြပြီး လိမ္မာပါးနပ်ပြီး၊ ငြိမ်သက်စွာ သားကောင်ကိုချောင်းတတ်ကြသည်။
  • ကျမ်းစာတွင် "တောခွေး" ဟုသုံးခြင်းသည် မှားယွင်းသော ပရောဖက်များနှင့် မှားယွင်းသောအရာများကို တင်စားခေါ်ဝေါ်ခြင်းဖြစ်ပြီး၊ ယုံကြည်သူများကို သိုးနှင့် ခိုင်းနှိုင်းသည်။ မှားယွင်းသော သွန်သင်ချက်သည် မှားယွင်းစွာယုံကြည်စေပြီး၊ လူများအပေါ်မကောင်းမှု သက်ရောက်စေသည်။
  • ဤခိုင်းနှိုင်းချက်သည် တောခွေးများမှ သိုးများကို အလွယ်တကူ စားသုံး တိုက်ခိုက်နိုင်ခြင်းနှင့် သိုးများမှ မိမိကိုယ်ကို မကာကွယ်နိုင်ခြင်းပေါ် အခြေခံထားသည်။