my_tw/bible/other/witness.md

3.4 KiB

သက်သေ၊ မျက်မြင်သက်သေ

အသုံးအနှုန်းများ၏အဓိပ္ပါယ်

"သက်သေ" ဟူသောအသုံးအနှုန်းသည် ပုဂ္ဂိုလ်တဦး တယောက်မှ တစုံတခုဖြစ်ပျက်ကြောင်းကို ကိုယ်တိုင်တွေ့ကြုံရသော အကြောင်းအရာကို ရည်ညွှန်းသည်။ တခါတရံသက်သေသည် တစုံတယောက်မှ မှန်ကန်ကြောင်းသက်သေခံခြင်းလည်းဖြစ်သည်။ "မျက်မြင်သက်သေ' ဟူသောအသုံးအနှုန်းသည် ပုဂ္ဂိုလ်တစုံတယောက်မှ ဖြစ်ပျက်သည့်အကြောင်းအရာကို ကိုယ်တွေ့ဖြစ်ပြီး၊ ထိုနေရာတွင်လည်းရှိခဲ့ကြောင်းကို အထူးပြုရာတွင် အသုံးပြုသည်။

  • "သက်သေ" သည်ဖြစ်ပျက်ကြောင်းမြင်တွေ့ခြင်းကို ခေါ်သည်။
  • တရားခွင်တွင် သက်သေမှ "သက်သေပေးသည်" သို့မဟုတ် "သက်သေထွက်ဆိုသည်" ။ ဤအကြောင်းအရာသည် "သက်သေခြင်း" နှင့် အတူတူဖြစ်သည်။
  • သက်သေခံသူများသည် သူတို့ကြားခဲ့၊ မြင်ခဲ့သောအရာ အမှန်တရားကို ပြောရန်အားကိုးကြသည်။
  • ကြားခဲ့၊ မြင်ခဲ့သောအရာကို အမှန်အတိုင်း မပြောဆိုခြင်းကို "မှားယွင်းသောသက်သေ" ဟုခေါ်ကြသည်။ သူသည် "မှားယွင်းသောသက်သေပေးသည်" သို့မဟုတ် " မှားယွင်းသောသက်သေခံ' ဖြစ်သောကြောင့်ဖြစ်သည်။
  • "ကြားခံသက်သေ" ဖော်ပြရာတွင် တစုံတရာ သို့မဟုတ် တစုံတယောက်သည် စာချုပ်ပြုလုပ်ရာတွင် သက်သေအဖြစ်ရှိရမည်။ သက်သေမှ တစုံတယောက်သည် သူပေးသော ကတိပြုလုပ်ကြောင်းကို သိရှိရမည်။

ဘာသာပြန် အကြံပြုချက်

  • "သက်သေ" သို့မဟုတ် "မျက်မြင်သက်သေ" ကို စကားလုံး သို့မဟုတ် စကားစုဖြင့် ဘာသာြပန်နိုင်သည်။ "အကြောင်းအရာမြင်တွေ့သော လူ၊ ဖြစ်ပျက်သောအရာကို မြင်တွေ့သောသူ" သို့မဟုတ် "မြင်တွေ့၊ ကြားသိသောသူများ" ဟုဘာသာပြန်နိုင်သည်။