my_tw/bible/other/wisemen.md

2.3 KiB

ပညာရှိများ

အသုံးအနှုန်းများ၏အဓိပ္ပါယ်

သမ္မာကျမ်းစာတွင် ''ပညာရှိများ'' ဟူသော စကားရပ်သည် ဘုရားသခင်ကို အစေခံပြီး မိုက်မဲစွာမဟုတ်ဘဲ အမြော််အမြင်ရှိစွာ ဆောင်ရွက်သောသူများကို မကြာခဏ ရည်ညွှန်းပါသည်။ ဤဝေါဟာရသည် ရှင်ဘုရင်၏ နန်းတော််တွင် အမှုထမ်းဆောင်ခဲ့သော ထူးခြားသောပညာနှင့် အရည်အချင်းရှိသောသူများကို ရည်ညွှန်းသော အထူးဝေါဟာရဖြစ်သည်။

  • တခါတရံ ''ပညာရှိများ'' ဟူသော ဝေါဟာရများကို သမ္မာကျမ်းစာ၏ စာပိုဒ်တွင် ''ဆင်ခြင်တွေးခေါ်နိုင်သူများ'' (သို့) ''နားလည်နိုင်သူများ'' အဖြစ် ရှင်းလင်းဖော််ပြထားသည်။ ဤအရာသည် ဘုရားသခင်ကို နာခံသောကြောင့် အမြော််အမြင််ရှိစွာနှင့် ဖြောင့်မတ်စွာ ဆောင်ရွက်သောသူများကို ရည်ညွှန်းပါသည်။
  • ဖာရောဘုရင်များနှင့် အခြားသောရှင်ဘုရင်များအား အစေခံခဲ့သော ''ပညာရှိများ'' ကို ကြယ်များကို လေ့လာသော ပညာရှင်များ၊ အထူးသဖြင့် ကောင်းကင်ရှိကြယ်များ၏ တည်နေရာနှင့် ပုံစံအနေအထားအတွက် အထူးအဓိပ္ပာယ်များကို ရှာဖွေနေသောပညာရှင်များအဖြစ်လည်း ခေါ်ဆိုကြသည်။