my_tw/bible/other/watch.md

4.0 KiB

စောင့်ကြည့်သည်၊ စောင့်ကြည့်နေမှုများ၊ စောင့်ကြည့်ခဲ့သည်၊ စောင့်ကြည့်နေသည်၊ စောင့်သူ၊ စောင့်သူများ၊ ဂရုစိုက်ကြည့်သော၊ အစောင့််၊ အစောင့်များ၊ အရေးစိုက်သည်၊ ဂရုပြုသည်၊ သတိထား။

အသုံးအနှုန်းများ၏အဓိပ္ပါယ်

''စောင့်ကြည့််သည်'' ဟူသော ‌‌ဝေါဟာရသည် တစ်စုံတစ်ရာအားအလွန်နီးကပ်စွာနှင့် ဂရုတစိုက် ကြည့်ရှုခြင််းဖြစ််သည်။ အခြားဖော််ပြသော အဓိပ္ပာယ် များစွာလည်းရှိပါသည်။

  • မြို့တွင်ရှိသောလူတို့အား ခြိမ်းခြောက်မှု (သို့) အနီးအနားတွင် တစ်စုံတစ်ရာ အန္တရာယ် ကျ‌ရောက်စေမည်ကို ဂရုတစိုက်ကြည့််ရှုခြင်းဖြင့်မြို့ကို စောင့်ကြည့််ရန် တာ၀န်ပေးခြင််းခံရသောသူသည် ''အစောင့်''ဖြစ်သည််။
  • ''သင်၏အသက်တာနှင့် အယူဝါဒကို နီးကပ်စွာစောင့်ကြည့်နေပါ'' ဟု မိန့်မှာခြင်းသည်် သတိရှိစွာ အသက်ရှင်ရန်နှင့်် မှားယွင််းသောသွန်သင်ချက်များကို မယုံကြည်ရန်ဖြစ်သည်။
  • ''သတိထား'' ဟု ‌ပြောခြင်းသည် ထိခိုက်နာကြင်မှုသက်ရောက်စေသော (သို့) အန္တရာယ်ရှိခြင်းကို သတိရှိစွာရှောင်ကြဥ််ရန် သတိပေးခြင်းဖြစ််သည်။
  • ''စောင့်ကြည့်သည်'' (သို့) ''စောင့်ကြည့်နေသည်'' ဟု ဆိုခြင်းသည် အမြဲတမ်းသတိရှိနေရန်နှင့် အပြစ်နှင့်မကောင်းမှုကို ဆန့်ကျင်လျက်စောင့်နေရန်ဖြစ်သည်။ ''အဆင်သင့်ဖြစ်ရန်'' ဆိုလိုခြင်းလည်း ဖြစ်နိုင်သည်။
  • '' ကြည့်ထားနေသည်'' (သို့) ''နီးကပ်စွာကြည့်နေသည်'' ဟူသည်မှာ တစ်စုံတစ်ရာ (သို့) တစ်စုံတစ်ဦးအား ဂရုတစိုက််ရှိရန် (သို့) စောင့်ကြည့်ရန်၊ ကာကွယ်ပေးရန် ဖြစ််နိုင်သည်။
  • ''စောင့်ကြည့်သည်'' ကို အခြားသောနည်းလမ်းဖြင့် ဘာသာပြန်နိုင််သည်။ ''နီးကပ်စွာအာရုံစိုက်ပေးခြင်း'' (သို့) ''လုံ့လဝိရိယရှိခြင်း'' (သို့) ''အလွန်ဂရုပြုခြင်း'' (သို့) ''စောင့်ကြည့်ပေးခြင်း'' ဖြစ်သည်။
  • ''အစောင့်'' အတွက် အခြားသောစကားလုံးများမှာ ''ကင်းသမား'' (သို့) ''စောင့်သူ'' ဖြစ်သည်။