my_tw/bible/other/waste.md

2.3 KiB

ပြုန်းတီးခြင်း၊ အစွန့်အပစ်များ၊ ပြိုပျက်သွားသည်၊ လုံးပါးပါးသည်၊ စွန့်ပစ်နေရပ်၊ ချူံးကျသွားသည်၊

အသုံးအနှုန်းများ၏အဓိပ္ပါယ်

တစ်စုံတစ်ခုအား ပြုန်းတီးခြင်းသည် နမော်နမဲ့ လွှင့်ပစ်ခြင်း၊ မဆင်မခြင် အသုံးပြုလိုက်ခြင်း ဖြစ်ပါသည်။ "စွန့်ပစ်နေရပ်" (သို့) "အစွန့်အပစ်" ခံရသောအရာသည် ဖျက်ဆီးခံရသောကြောင့် မည်သူမျှ မနေထိုင်တော့သောနေရပ် (သို့) မြို့ကို ရည်ညွန်းခြင်းဖြစ်၏။

  • "ချူံးကျသည်" ဆိုသည့် ဝေါ်ဟာရသည် ပို၍ပို၍ဖျားနာလာခြင်း (သို့) ပျက်စီးသွားခြင်းကို ပုံဖော််ခြင်းဖြစ်သည်။ ချူံးကျနေသောသူသည် ဖျားနာခြင်း (သို့) အစာပြတ်လတ်သောကြောင့် အလွန်ပိန်ကျသွားမြဲ ဖြစ်သည်။
  • မြို့ (သို့) နေရပ်ကို "စွန့်ပစ်လိုက်ခြင်း" သည် ဖျက်ဆီးလိုက်ခြင်း ဖြစ်သည်။
  • "စွန့်ပစ်နေရပ်" အတွက် အခြား စကားလုံးသည် "ကန္တာရ" (သို့) "လူသူကင်းမဲ့သောလွင်ပြင်" ဖြစ်နိုင်သည်။ သို့သော် စွန့်ပစ်နေရပ် သည် လူသူနေခဲ့ဘူးသော နေရာ နှင့် အစားအစာ ထုတ်ပေးသော သစ်ပင်နှင့် အပင်များ ရှိခဲ့သော နေရပ် အဖြင့်လည်း ဆိုလိုသည်။