my_tw/bible/other/unrighteous.md

3.2 KiB

မဖြောင့်မတ်သော၊ မဖြောင့်မတ်ခြင်း

အသုံးအနှုန်းများ၏အဓိပ္ပါယ်

  • မဖြောင့်မတ်သော ဝေါဟာရသည် စာရိတ္တပျက်ပြားခြင်း၊ ပြစ်မှုကျူးလွန်ခြင်းကို ဆိုလိုသည်။ မဖြောင့်မတ်ခြင်းသည် အပြစ် သို့မဟုတ် ပြစ်မှုကျူးလွန်ခြင်းအခြေနေကို ရည်ညွှန်းသည်။
  • အထူးသဖြင့် ထိုဝေါဟာရများသည် ဘုရားသခင်၏ ပညတ်ချက်နှင့် သွန်သင်ကြားမှုများကို နာမခံပဲ အသက်ရှင်ခြင်းကို ရည်ညွှန်းသည်။
  • မဖြောင့်မတ်သော လူများသည် သူတို့အပြုမူ၊ စိတ်ကူးအတွေးအားဖြင့် အကျင့်ပျက်ပြားသူများဖြစ်သည်။
  • တစ်ခါတရံ 'မဖြောင့်မတ်သော' သည် အထူးသဖြင့် ယေရှုကို မယုံကြည်သောသူများကို ရည်ညွှန်းသည်။

ဘာသာပြန်အကြံပြုချက်များ

  • ဤဝေါဟာရကို မဖြောင့်မတ်သောသူအဖြစ် ရိုးရှင်းစွာ ဘာသာပြန်ဆိုနိုင်သည်။
  • နေရာဒေသအပေါ်အခြေခံပြီး တစ်ခြားနည်းအားဖြင့် ဘာသာပြန်ဆိုရာတွင် 'အပြစ်ကျူးလွန်သော' ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်သူလူများ၊ 'ကိုယ်ကျင့်တရားပျက်သော' 'ကောက်ကျစ်သော' ဟူသောအရာများလည်း ပါဝင်နိုင်သည်။
  • 'မဖြောင့်မတ်သော' စကားစုကို မဖြောင့်မတ်သောလူများအဖြစ် ဘာသာပြန်ဆိုနိုင်သည်။
  • 'မဖြောင့်မတ်ခြင်း' ဝေါဟာရကို 'ကောက်ကျစ်ခြင်း' ဆိုးရွားသောအတွေးများနှင့် အပြုမူများ သို့မဟုတ် အပြစ်ဒုစရိုက် အဖြစ်လည်း ဘာသာပြန်ဆိုနိုင်သည်။
  • ဖြစ်နိုင်လျှင် 'ဖြောင့်မတ်သော၊ ဖြောင့်မတ်ခြင်း' ကို ဆက်နွယ်ပေးသော နည်းလမ်းတစ်ခုအဖြစ် ဘာသာပြန်ဆိုမှုသည် အကောင်းဆုံးဖြစ်သည်။