my_tw/bible/other/unjust.md

3.1 KiB

မဖြောင့်မတ်သော၊ မတရားသော၊ မတော်မတရား၊ မတရားမှု၊ မတရားခြင်း

အသုံးအနှုန်းများ၏အဓိပ္ပါယ်

' မဖြောင့်မတ်သော' 'မတရားသော' နှင့် 'မတော်မတရား' ဝေါဟာရသည် နာကျင်စေသောအပြုအမူ မကြာခဏ မမျှတမှုအားဖြင့် လူတွေကို ဆက်ဆံခြင်းကို ရည်ညွှန်းသည်။

  • မတရားမှု ဆိုသည်မှာ မထိုက်တန်တဲ့ တစ်စုံတစ်ဦးအပေါ်ပြုလုပ်တဲ့ မကောင်းသောအရာပင်ဖြစ်သည်။ ၎င်းသည် လူတွေအပေါ်မတရား ဆက်ဆံခြင်းကို ရည်ညွှန်းသည်။
  • မတရားမှုသည် တစ်ခြားသူများကောင်းကောင်း ဆက်ဆံနေချိန် ဆိုးဝါးစွာ ဆက်ဆံတတ်တဲ့ လူအချို့ကိုလည်းပဲ ဆိုလိုသည်။
  • မတရားသောနည်းဖြင့် ပြုမူသော တစ်စုံတစ်ဦးသည် ဘက်လိုက်သောသူဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူသည် လူတွေကို တန်းတူမဆက်ဆံသောကြောင့်ဖြစ်သည်။

ဘာသာပြန်အကြံပြုချက်များ

  • နယ်မြေဒေသပေါ်အခြေခံပြီး 'မတရားသော' ကို မဖြောင့်မတ်သော၊ ဘက်လိုက်သော 'မမျှတသော' ဟူ၍ ဘာသာပြန်ဆိုနိုင်သည်။
  • 'မတရား' စကားစုကို မတရားသောသူများ၊ မတရားသောလူများ၊ တစ်ခြားသူများအား မမျှမတဆက်ဆံသောလူများ၊ မဖြောင့်မတ်သောသူများ နှင့် ဘုရားကို နာမခံသောသူများအဖြစ် ဘာသာပြန်ဆိုနိုင်သည်။
  • 'မတော်မတရား' ဝေါဟာရကို မမျှတမှု၊ မှားယွင်းမှု၊ မမျှတသောအပြုမူအဖြစ် ဘာသာပြန်ဆိုနိုင်သည်။
  • မတရားမှုအား ဘာသာပြန်ဆိုမှုများတွင် မမျှတစွာပြုမူခြင်း၊ မမျှတစွာဆက်ဆံခြင်း၊ မှားယွင်းစွာဆက်ဆံခြင်းများလည်း ပါဝင်နိုင်သည်။