my_tw/bible/other/unfaithful.md

2.6 KiB

သစ္စာမရှိသော၊ သစ္စာမရှိခြင်း

အသုံးအနှုန်းများ၏အဓိပ္ပါယ်

'သစ္စာမရှိသော' ဝေါဟာရအသုံးနှုန်းသည် ဘုရားက သူတို့အား လုပ်ဆောင်ရန် ပညတ်ထားပြီးသောအရာများ မလုပ်ဆောင်သော လူတွေကို ဖော်ပြသည်။ သစ္စာမရှိမှုအလေ့ကျင့်အခြေနေကို 'သစ္စာမရှိခြင်း' ပင် ဖြစ်သည်။

  • ဣသရေလလူမျိုးများ ရုပ်တုတွေကိုးကွယ်ခဲ့တဲ့အချိန်နှင့် တစ်ခြားသောနည်းလမ်းများအားဖြင့် ဘုရားသခင်ကို နာမခံကြချိန်တွင် သူတို့ကို 'သစ္စာမရှိသောသူများ' အဖြစ် ခေါ်လေ့ရှိသည်။
  • အိမ်ထောင်တွင် ကာမဆိုင်ရာဖောက်ပြန်မှု ကျူးလွန်သောတစ်စုံတစ်ဦးကို သူ၏ဇနီးအပေါ် သို့မဟုတ် သူမ၏ လင်ယောကျ်ားအပေါ် 'သစ္စာမရှိသောသူ' ဖြစ်သည်။
  • ဘုရားသခင်က 'သစ္စာမရှိခြင်း' ဟူသော ဝေါဟာရကို ဣသရေလတွေ၏ နာမခံသော ပြုမူကျင့်ကြံပုံကို ဖော်ပြရန် အသုံးပြုခဲ့သည်။ သူတို့သည် ဘုရားကို နာမခံသောသူများ သို့မဟုတ် သူ့ကို မရိုသေသောသူများဖြစ်ကြသည်။

ဘာသာပြန်အကြံပြုချက်များ

  • နေရာဒေသပေါ်အခြေခံပြီး 'သစ္စာမရှိသော' ကို 'သစ္စာမဲ့ခြင်း' 'နာမခံခြင်း' 'မယုံကြည်ခြင်း''သစ္စာမရှိခြင်း' ဟူ၍လည်း ဘာသာပြန်ဆိုနိုင်သည်။
  • 'သစ္စာမရှိသော' စကားစုကို 'သစ္စာမရှိသောလူများ' အဖြစ် ဘာသာပြန်ဆိုနိုင်သည်။