my_tw/bible/other/unclean.md

4.6 KiB

မစင်ကြယ်ခြင်း

အသုံးအနှုန်းများ၏အဓိပ္ပါယ်

ကျမ်းစာထဲတွင် 'မစင်ကြယ်ခြင်း' အသုံးနှုန်းအား ဘုရားသခင်က သူ့လူတွေအတွက် ယဇ်ပူဇော်ရန် သို့မဟုတ် စားရန်၊ ထိတွေ့ရ မသင့်တော်ကြောင်းကြေငြာထုတ်ပြန်ထားတဲ့အရာများကို ရည်ညွှန်းသော တင်စားချက်အဖြစ် အသုံးပြုခြင်းဖြစ်သည်။

  • ဘုရားသခင်က ဣသရေလလူတွေအား ဘယ်တိရိစ္ဆာန်များက 'သန့်ရှင်းစင်ကြယ်' သည်၊ ဘယ်တိရိစ္ဆာန်များက 'မစင်ကြယ်' ကြောင်း ညွှန်ကြားချက်များ ပေးခဲ့သည်။ မစင်ကြယ်သော တိရိစ္ဆာန်များအား ယဇ်ပူဇော်ခြင်းအတွက် သို့မဟုတ် စားသုံးရန်အတွက်သော်လည်းကောင်း ခွင့်ပြုခြင်းမရှိပါ။
  • အရေပြားရောဂါရှိသော လူတွေလည်း အနာသက်သာမှု မရှိသရွေ့ 'မစင်ကြယ်သူ' အဖြစ် သတ်မှတ်သည်။
  • ဣသရေလလူမျိုးတွေက မစင်ကြယ်သောအရာ တစ်စုံတစ်ရာအား ထိတွေ့ခဲ့လျှင် သူတို့ဟာသူတို့ အချိန်ကာလတစ်ခုအတွင်း မစင်ကြယ်သောသူများအဖြစ် သတ်မှတ်ကြသည်။
  • မစင်ကြယ်သောအရာများ စားသုံးခြင်း၊ ထိတွေ့ခြင်းဆိုင်ရာ ဘုရားသခင်၏ ပညတ်ချက်နာခံခြင်းသည် ဣသရေလလူများအား ဘုရားသခင်အမှုတော်မြတ်အတွက် လက်ဝယ်ထိန်းထားခြင်းဖြစ်စေသည်။
  • ဤရုပ်ပိုင်းဆိုင်ရာနှင့် ရိုးရာဓလေ့ဆိုင်ရာ မစင်ကြယ်ခြင်းသည်လည်း ကိုယ်ကျင့်တရားဆိုင်ရာ မစင်ကြယ်ခြင်း သင်္ကေတလက္ခဏာ ဖြစ်ခဲ့သည်။
  • အခြားသော တင်စားစကားတွင် 'မစင်ကြယ်သောဝိညာဉ်' ဆိုသည်မှာ မကောင်းဆိုးဝါးကို ရည်ညွှန်းခြင်း ဖြစ်သည်။

ဘာသာပြန်အကြံပြုချက်များ

  • 'မစင်ကြယ်ခြင်း' အသုံးနှုန်းအား ကိုယ်ကာယဆိုင်ရာ 'ညစ်ညူးခြင်း' သို့မဟုတ် 'မစင်ကြယ်ခြင်း' 'ဘုရားသခင်အမြင်၌ မသင့်လျှော်ခြင်း' 'မသန့်ရှင်းခြင်း' ဟူ၍လည်း ဘာသာပြန်ဆိုနိုင်သည်။
  • နတ်ဆိုးအား မစင်ကြယ်သောဝိညာဉ်အဖြစ် ရည်ညွှန်းရာ 'မစင်ကြယ်ခြင်း' အား 'ညစ်ညူးခြင်း' သို့မဟုတ် 'ဆိုးယုတ်ခြင်း' အဖြစ်လည်း ဘာသာပြန်ဆိုနိုင်သည်။
  • ဤအသုံးနှုန်းဘာသာပြန်ဆိုခြင်းသည် ဝိညာဉ်ရေးဆိုင်ရာ မစင်ကြယ်ခြင်းအတွက် ခွင့်ပြုသင့်သည်။ ဤဟာသည် ဘုရားသခင်က ယဇ်ပူဇော်ခြင်း၊ စားသုံးခြင်း၊ ထိတွေ့ခြင်းများအတွက် မသင့်လျှော်အရာအဖြစ် ကြေငြာထုတ်ပြန်ချက်အား ရည်ညွှန်းထားသော အရာများဖြစ်သင့်သည်။