my_tw/bible/other/trumpet.md

1.5 KiB

တံပိုး

အသုံးအနှုန်းများ၏အဓိပ္ပါယ်

'တံပိုး' သည် ဂီတသံထွက်သော တူရိယာတစ်မျိုးဖြစ်ပြီး အစည်းအဝေးပြုလုပ်ရန် ဖိတ်ခေါ်ခြင်း၊ လူများစုဝေးစေခြင်းစသည်တို့ကို ပြုလုပ်ရန်အချက်ပေးအဖြစ်အသုံးပြုသည်။

  • တံပိုးကို တိရစ္ဆာန်ဦးချို၊ ပင်လယ်နေသတ္တဝါများ၏ အခွံနှင့် သတ္ထုများဖြင့် ပြုလုပ်နိုင်သည်။
  • တံပိုးကို စစ်တိုက်ရန်လူများကို စုဝေးခြင်း၊ လူထုအစည်းအဝေးပြုလုပ်ခြင်းအတွက် တီးမှုတ်ခြင်းဖြင့် ဖိတ်ခေါ်လေ့ရှိသည်။
  • ဗျာဒိတ်ကျမ်းတွင် ကောင်းကင်တမန်မှ တံပိုးတော်ကို မှုတ်လိုက်ခြင်းသည် ဘုရားသခင်၏ အမျက်တော်အား မြေကြီးပေါ်သို့ စတင်ကျရောက်လာမည့် အရိပ်လက္ခဏာအဖြစ် ဖော်ပြထားသည်။