my_tw/bible/other/tribulation.md

1.7 KiB

ကြီးစွာသော ဆင်းရဲဒုက္ခ

အသုံးအနှုန်းများ၏အဓိပ္ပါယ်

ကြီးစွာသော ဆင်းရဲဒုက္ခဟု ဆိုရာ၌ အခက်အခဲ၊ ဒုက္ခခံခြင်း၊ စိုးရိမ်ထိတ်လန့်ဖွယ်အဖြစ်နှင့် ကြုံတွေ့ခြင်းမျိုးကို ရည်ညွှန်းသည်။

  • ဓမ္မသစ်ကျမ်းထဲတွင် ခရစ်ယာန်များသည် ခရစ်တော်၏ တရားတော်ကို ဆန့်ကျင်သောလူများကြောင့် ကြီးစွာသောဆင်းရဲဒုက္ခခံစေခြင်းဖြင့် ညဉ်းပန်းနှိပ်စက်ခြင်းခံရမည်ဟု ဆိုထားသည်။
  • သမ္မာကျမ်းစာတွင် 'ကြီးစွာသော မဟာဆင်းရဲဒုက္ခ' ဟု ဖော်ပြရာတွင် ခရစ်တော်ပြန် မကြွလာမီကမ္ဘာပေါ်တွင် ကျရောက်လာမည့် သခင်၏အမျက်ဒေါသ သွန်းလောင်းခြင်းကို ဆိုလိုသည်။
  • 'ကြီးစွာသော ဆင်းရဲဒုက္ခ' ကို ဘာသာပြန်ဆိုရာတွင် 'ဘေးဒဏ်ကြီးကာလ' ဘေးအန္တရာယ်ကြီး၊ ကြမ်းတမ်းခက်ခဲခြင်း' ဟုလည်း ပြန်ဆိုနိုင်ပါသည်။