my_tw/bible/other/tomb.md

2.2 KiB

သင်္ချိုင်း၊ အုတ်ဂူ၊ မြေမြုပ် သဂြိုလ်သောနေရာ

အသုံးအနှုန်းများ၏အဓိပ္ပါယ်

"သင်္ချိုင်း" နှင့် "အုတ်ဂူ" ဆိုသည်မှာ လူတစ်ဦး၏ ရုပ်အလောင်းကို ထားရှိသော နေရာ ဖြစ်သည်။ "မြေမြုပ် သဂြိုလ်သောနေရာ" ဆိုသည်မှာလည်း ယေဘုယျအားဖြင့် ထိုနည်းတူ ဖြစ်သည်။ *တခါတရံမှာ ဂျူးလူမျိုးများက သင်္ချိုင်းကို ဂူထဲမှာ အသုံးပြုပြီး တခါတရံမှာတော့ ကျောက်ဆောင်ပေါ် မှာရှိတဲ့ လှိုဏ်ဂူကို အသုံးပြုကြသည်။ *ဓမ္မသစ်ခေတ်အချိန်တုန်းက သင်္ချိုင်းဝကို အဖွင့် အပိတ်ပြုလုပ်ရန် လှိမ့်၍ အသုံးပြုရန်အတွက် ကြီးမားသော ကျောက်တုံး ထားရှိသည်။ *သင်္ချိုင်း (သို့) အုတ်ဂူကို လှိုဏ်ဂူအဖြစ်ရည်ညွှန်းနိုင်ပြီး မြေကြီးအောက်မှာ ရုပ်ကလပ်ကို ထားရှိခြင်းဖြစ်သည်။ အခြားတစ်မျိုးဖြင့်ပြောရလျှင် လှိုဏ်ဂူ (သို့) တောင်ကုန်းတွင် ရှိသော ဂူ ဖြစ်သည်။ *အုတ်ဂူဆိုသော စကားစုသည် ယေဘုယျအားဖြင့် သေဆုံးပြီးသော အခြေအနေ (သို့) သေပြီးသော သူ၏ ဝိညာဉ်များရှိသောနေရာအဖြစ်လည်း အသုံးပြုသည်။