my_tw/bible/other/throne.md

1.8 KiB

ပလ္လင်တော်

အသုံးအနှုန်းများ၏အဓိပ္ပါယ်

ပလ္လင်တော်သည် ထိုင်ခုံပုံစံရှိပြီး ဘုရင်များထိုင်ရသော နေရာဖြစ်ပြီး အမှုလျှောက်လာသော သူများ၏ တောင်းဆိုချက်များကို စီရင်ပေးသော နေရာဖြစ်သည်။

  • ပလ္လင်တော်သည် ရှင်ဘုရင်၌ ရှိသည့် အခွင့်အာဏာ၊ တန်ခိုးကြီးခြင်းကို ပုံဆောင်ပါသည်။
  • "ပလ္လင်" ဟူသောစကားလုံးသည် ဘုရင်၊ သူ၏ အုပ်စိုးမှု၊ သို့မဟုတ် သြဇာကြီးခြင်းကို ဆိုလိုသည်။
  • သမ္မာကျမ်းစာတွင် ဘုရားသခင်ကို ပလ္လင်ပေါ်တွင် ထိုင်နေသော ဘုရင်အဖြစ် တင်စားထားသည်။ ယေရှုသည် ပလ္လင်ပေါ်တွင် ထိုင်နေလျက် ဘုရားသခင်၏ လက်ယာတော်၌ ထိုင်နေကြောင်း ဖော်ပြထားသည်။
  • ယေရှုသည် ကောင်းကင်နိုင်ငံမှာ ဘုရားသခင်၏ ပလ္လင်တော် ဖြစ်သည်ဟု ဆိုခဲ့သည်။ ထိုစကားလုံး၏ အဓိပ္ပါယ်မှာ "ဘုရားသခင် စိုးစံရာအရပ်" ဟု ပြန်ဆိုနိုင်သည်။