my_tw/bible/other/tenth.md

2.3 KiB

တစ်ဆယ်၊ ဆယ်ဖို့တစ်ဖို့

အသုံးအနှုန်းများ၏အဓိပ္ပါယ်

'တစ်ဆယ်' နှင့် 'ဆယ်ဖို့တစ်ဖို့' သည် 'တစ်ဆယ်ရာခိုင်နှုန်း' သို့ 'ဆယ်ပိုင်းတစ်ပိုင်း' ဖြစ်ပြီး တယောက်၏ ငွေ၊ အသီးအနှံများ၊ ခြံမွေးတိရစ္ဆာန် (သို့) တခြားပိုင်ဆိုင်သော အရာကို ဘုရားသခင်ထံပေးခြင်းကို ရည်ညွှန်းသည်။

  • ဓမ္မဟောင်းကျမ်းထဲတွင် ဘုရားသခင်သည် ဣသ​ရေလလူမျိုးများကို သူတို့သက်ဆိုင်သောအရာများထဲက ဆယ်ဖို့တစ်ဖို့အဖြစ် ပေးလှူပြီး ကျေးဇူးချီးမွမ်းရန် လမ်းညွှန်ပြခဲ့သည်။
  • ထိုအလှူငွေများသည် ဣသရေလလူမျိုးတွေကို ယဇ်ပုရောဟိတ်အဖြစ် အမှုထမ်းသော လေဝိအနွယ် ယဇ်ပုရောဟိတ်များအတွက်နှင့် တဲတော်ကိုစောင့်ပေးသော သူများအတွက် အသုံးပြုသည်။
  • ဓမ္မ​သစ်ကျမ်းတွင် ဘုရားသခင်ကို ဆယ်ဖို့တစ်ဖို့ပေးရန် မလိုအပ်ပေမဲ့ ထိုအရာအစား ရက်ရောရန်၊ လူများလိုအပ်သည်ကို ပေးကမ်းရန်နှင့် ခရစ်ယာန်သာသနာတွင် ပါဝင်သူများကို ကူညီပေးရန် ယုံကြည်သူများကို လမ်းညွှန်ခဲ့သည်။
  • 'တစ်ဆယ်တစ်ပုံ' သို့ 'ဆယ်ပိုင်းတစ်ပိုင်း' ဟု ပြန်ဆိုနိုင်သည်။