my_tw/bible/other/tencommandments.md

2.3 KiB

ပညတ်တော် ဆယ်ပါး

အသုံးအနှုန်းများ၏အဓိပ္ပါယ်

ပညတ်တော် ဆယ်ပါးသည် ဣသရေလလူမျိုးများ ခါနာန်ပြည်သို့သွားစဉ် သဲကန္တာရတွင်နေထိုင်စဉ်တွင် ဘုရားသခင်သည် သိနာတောင်ပေါ်တွင် မောရှေဆီသို့ ပေးခဲ့သော ပညတ်တော်ဖြစ်သည်။ ဘုရားသခင်သည် ထိုပညတ်တော်ကို ကျောက်ပြား နှစ်ချက်ပေါ်တွင် ရေးသားခဲ့သည်။

  • ဘုရားသခင်သည် ဣသရေလလူမျိုးများကို ပညတ်တော်များကို နာခံရန်ပေးခဲ့သည်။ သို့သော် ပညတ်တော်ဆယ်ပါးတွင် အထူးပညတ်ချက်မှာ ဣသရေလူမျိုးများချစ်ရန်၊ ဘုရားသခင်အားချစ်ရန် နှင့် တစ်ပါးသူများကိုချစ်ရန် ဖြစ်သည်။
  • ပညတ်ချက်များသည် ဘုရားသခင်၏ လူများနှင့် ဘုရားသခင်၏ ပဋိညာဉ် ဖြစ်သည်။ ဘုရားသခင်ပညတ်သော အရာများကိုနာခံခြင်းဖြင့် ဣသရေလလူများသည် ဘုရားသခင်ကို ချစ်ကြောင်းနှင့် ဘုရားသခင်နဲ့သက်ဆိုင်ကြောင်း ပြသသည်။
  • ပညတ်တော်များရေးထားသော ကျောက်ပြားများကို ပဋိညာဉ်သေတ္တာထဲတွင် သိမ်းဆည်းထား၍ ထိုသေတ္တာသည် တဲတော်၏ အသန့်ရှင်းဆုံးနေရာတွင်တည်ရှိပြီး နောက်တွင် ဗိမာန်တော်ထဲတွင်ထားရှိသည်။