my_tw/bible/other/tax.md

3.4 KiB

အခွန်၊ အခွန်များ

အသုံးအနှုန်းများ၏အဓိပ္ပါယ်

အခွန် သို့မဟုတ် အခွန်များဟုခေါ်သော စာလုံးသည် ငွေကြေး သို့မဟုတ် ကုန်ပစ္စည်းကို လူများသည် သူတို့ပေါ်၌ အာဏာရှိသော အစိုးရဆီသို့ ပေးဆောင်ရခြင်းကို ရည်ညွှန်းသည်။ *ငွေကြေးပမာဏဖြင့်ပေးဆောင်ရသော အခွန်သည် များသောအားဖြင့် ပစ္စည်းတစ်ခု၏ တန်ဖိုး သို့မဟုတ် လူတယောက်ပိုင်ဆိုင်သော ပစ္စည်းဥစ္စာ၏ များပြားမှု ပေါ်တွင် မူတည်သည်။ *အကယ်၍များ အခွန်မပေးဆောင်ခဲ့လျှင် အစိုးရသည် မပေးဆောင်သော သူအပေါ်တွင် ဥပ​ဒေအတိုင်း အကြွေးအဖြစ် သတ်မှတ်သည်။ *ယောသပ်နှင့် မာရိတို့ ဗက်လင် မြို့သို့သွားစဉ်တွင် လူဉီးရေစာရင်းပေးသွင်းရသည်။ ထိုအရာသည် ရောမအင်ပါယာထဲတွင်နေသူတိုင်း အခွန်ပေးဆောင်ရသော ရည်ရွယ်ချက် ဖြစ်သည်။ *ဗိမာန်တော်တွင် ပေးဆောင်ရသော အခွန်လည်းရှိသည်။ ထိုအခွန်သည် ဗိမာန်တော်၏ အလှူငွေပုံးထဲတွင် လူများ ထည့်ဝေသော အရာဖြစ်သည်။ အချို့ အလှူငွေများသည် ဗိမာန်တော်အဆောက်အဦးအတွက် အသုံးပြုသည်။ *အခွန် ဆိုသော စကားလုံးကို "ငွေပေးရန်လိုအပ်သည်" ၊ "အစိုးရ၏ငွေကြေး"၊ သို့မဟုတ် " ဗိမာန်တော်၏ငွေ" အဖြစ် အခြေအနေပေါ်မူတည်၍ ဘာသာပြန်ဆိုနိုင်သည်။ *အခွန်စုဆောင်းခြင်း သို့မဟုတ် အခွန်ပေးခြင်း သည် "အစိုးရဆီသို့ငွေပေး​ဆောင်ခြင်း" သို့မဟုတ် " အစိုးရအတွက် ငွေလက်ခံပေးခြင်း" သို့မဟုတ် "လိုအပ်သော ငွေကြေးကိုပေးခြင်း" အဖြစ် ဘာသာပြန်ဆိုနိုင်သည်။ *အခွန်ကောက်ခံသူသည် လူများပေးဆောင်ရမည့်အခွန်များကို လက်ခံပြီး အစိုးရအတွက် အလုပ်လုပ်သူ ဖြစ်သည်။