my_tw/bible/other/sword.md

4.5 KiB

ဓါး၊ ဓါးများ၊ ဓါးသမား

အသုံးအနှုန်းများ၏အဓိပ္ပါယ်

ဓါးဟူသည်မှာ စူးရှ ခုတ်ဖြတ်စေရန် အသုံးပြုထား‌သော ထက်မြက်သော သတ္တုတစ်ခုဖြစ်သည်။ ၎င်းသည် ရှည်လျှားသော လက်ကိုင်ရှိပြီး ထက်စေသောဓါးကို ညွန်ပြထားပါသည်။

  • ရှေ့ခေတ်ကာလတွင် ထက်သောဓါးတစ်လက်၏ အတိုင်းအရှည်မှာ ၆၀ မှ ၉၁ စင်တီမီတာခန့်ရှိသည်။
  • တချို့သော ဓါးများသည် နှစ်ဖက်ချွန်ထက်သော အသွားနှစ်ခုရှိပြီး ထိုအရာကို "နှစ်ဖက်ခွန်သောဓါး" "အသွားနှစ်ခု" ဟူ၍ခေါ်သည်။
  • ယေရှု၏ တပည့်တော်များသည် မိမိကိုယ်ကို ကာကွယ်ရန် ကိုယ်စီဓါးများရှိကြသည်။ ဤ ဓါးအားဖြင့် ရှင်ပေတရုသည် ယဇ်ပုရောဟိတ်၏ အစေခံကို ခုတ်ပြတ်ခဲ့သည်။
  • နှစ်ခြင်း ဆရာယောဟန်နှင့် ယာကုပ်တို့သည် ဓါးဖြင့် လည်ပင်းသတ်ဖြတ်ခြင်းခံခဲ့ကြရသည်။

ဘာသာပြန်ရန် အကြံပြုချက်များ

  • ဓါးသည် ဘုရားသခင်၏ နှုတ်ကပတ်‌တော်အတွက် တင်စားထားသောအရာအဖြစ်အသုံးပြုထားသည်။ ကျမ်းစာထဲ့တွင် ဘုရားသခင်သွန်သင်ထားသောအရာမှာ လူများ၏ အတွင်းပိုင်းအတွေ့အခေါ်များနှင့် သူတို့၏ အပြစ်များကို သိရှိနားလည်စေခြင်းအဖြစ် ‌ဖော်ထုတ်ထားသည်။ အလားတူစွာ ဓါးသည် နက်ရှိုင်းစွာ ခုတ်ဖြတ်စေပြီး နာကြင်စေသည်။ ( ရှု - metaphor)
  • ဤပုံဆောင်ထားသော ဘာသာပြန်နည်းလမ်းကို "ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ဓါးကဲ့သို့ ဖြစ်ပြီး နက်ရှိုင်းစွာ ခုတ်ဖြတ်ပြီး အပြစ်ကို ဖော်ထုတ်ကြသည်။
  • အခြားသောပုံဆောင်ချက် အသုံးအနှုန်း ကို ဆာလံကျမ်းထဲတွင် ဖြစ်ပျက်ခဲ့သည်။ လူတစ်ယောက်ပြောဆိုသော အရာကို လူများအား ဒဏ်ရာရစေနိုင်သော ဓါးနှင့် ခိုင်းနှိုင်းထားပါသည်။ ဤအရာအား "လျှာသည် ဓါးကဲ့သို့ဖြစ်ပြီး တစ်စုံတစ်ယောက်အား ဆိုးရွားစွာ ဒဏ်ရာရစေသည်" ဟူ၍ ဘာသာပြန်ဆိုနိုင်ပါသည်။
  • အကယ်၍ သင်၏ ထုံးစံ၌ ဓါးများ ကိုဖော်ပြထားခြင်းမရှိလျှင် ဤစကားလုံးကို အခြားသော ရှည်လျှားသည့် အသွားရှိသော အသုံးပြု လက်နက်အဖြစ် ဘာသာပြန်ဆိုနိုင်ပါသည်။
  • ဓါး ကို "ထက်ရှသော လက်နက်" (သို့ ) "ရှည်လျှားသောဓါး" ဘာသာပြန်ဆိုနိုင်ပြီး တချို့သော ဘာသာပြန်ဆိုချက်များတွင် ဓါးတစ်လက်ကဲ့သို့ ပုံ‌ဖော်ထားသောအရာဖြစ်သည်။