my_tw/bible/other/stumblingblock.md

2.1 KiB

ထိမိစရာ၊ လဲကျစရာကျောက်

အသုံးအနှုန်းများ၏အဓိပ္ပါယ်

"ထိမိစရာ" သို့မဟုတ် "လဲကျစရာကျောက်" ဆိုသည်မှာ ထိကိုင်လို့ရသည့် လူများကို အနှောင့်အယှက်ပေးသော အရာဝတ္ထုများကို ဆိုလိုသည်။

  • ဓမ္မသစ်ကျမ်းတွင် ဤစကားလုံးကို အသုံးရာတွင် တုတ်ချောင်း သို့မဟုတ် ထောင်ချောက် သို့မဟုတ် လူကိုအန္တရာယ်ပြုတတ်သော တိရစ္ဆာန်များကို ရည်ညွှန်းသည်။
  • ပုံပမာနဲ့ ခိုင်းနှိုင်း၍ ပြောရလျှင် တစ်စုံတစ်ယောက်ကို မှားယွင်းစေခြင်း သို့မဟုတ် ဝညာဉ်ရေးရာ ထိပါးခြင်းကို ဆိုလိုသည်။
  • ထို့ပြင် "ထိမိစရာ" သို့မဟုတ် "လဲကျစရာကျောက်" ဟူသည် ယေရှုကို ယုံကြည်နိုင်ရန်အတွက် တားဆီးနှောင့်ယှက်သောအရာများ သို့မဟုတ် ဝိညာဉ်ကြီးထွားမှု ကြန့်ကြာစေသောအရာကို မည်ပေသည်။
  • ထိုအရာသည် တစ်စုံတစ်ယောက်ကို ကျရှုံးစေသော အပြစ်၏တန်ခိုးပင် ဖြစ်သည်။
  • တစ်ခါတစ်ရံ ဘုရားသခင်သည် သူ့အလိုကို မလိုက်သောသူများအတွက် ထိမိစရာ၊ လဲကျစရာကျောက် ချထားတတ်ပါသည်။