my_tw/bible/other/shepherd.md

5.9 KiB

သိုးထိန်း ၊ သိုးထိန်းခြင်း

အသုံးအနှုန်းများ၏အဓိပ္ပါယ်

သိုးထိန်းတစ်ဦးသည် သိုးတွေကိုဂရုစိုက်ရသည်။ "သိုးထိန်း"ဟူသော စကားစု၏ အဓိပ္ပာယ်မှာ သိုးများကို စောင့်ရှောက်ခြင်း၊ အစာရေစာပေးရန် ဖြစ်သည်။

  • သိုးထိန်းများသည် သိုးများကို စောင့်ကြည့်နေပြီး၊ စားကျက်မြေ ကောင်းသောနေရာကို ဉီးဆောင်ရပါမည်။ သိုးများ လမ်းမပျောက်ရန်သော််လည်းကောင်း၊ အခြားသတ္တဝါများ၏ ရန်မှ ကာကွယ်ရန် ဖြစ်ပါသည်။
  • သမ္မာကျမ်းစာတွင် သိုးထိန်းတစ်ဉီး၏ အလုပ်ကို ဖော််ပြရာတွင် လူများ၏ ဝိညာဉ်ရေးရာကို ဂရုစိုက်ရန် ဖြစ်ပါသည်။ ဤအလုပ်တွင် ဘုရား၏အလိုတော််အတိုင်း အသက်ရှင်သွားရန်နှင့် သမ္မာကျမ်းစာအတိုင်း သက်ရှင်သွားရန် သွန်သင်ခြင်းများ ပါဝင်သည်။ (ရှု၊ Metaphor)
  • ဓမ္မဟောင်းကျမ်းတွင် ဘုရားသခင်သည် သူ၏ လူမျိုးတော််ကို ထိန်းကျောင်းသော သိုးထိန်းဖြစ်ပြီး ၎င်းတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းရန် တတ်စွမ်းတော််မူသည်။ လမ်းပြကာ ဉီးဆောင်ဉီးရွက် ပြုတော််မူပါသည်။
  • မောရှေသည် ဣသရေလလူမျိုးများကို ဝိညာဉ်‌ရေးရာကို ဉီးဆောင်ခဲ့ပြီး ထာဝရဘုရားကို ကိုးကွယ်ရန်နှင့် ကာနန်ပြည်ကို သွားရာလမ်းတစ်လျှောက်တွင် ဉီးဆောင်သွားရန် တာဝန်ရှိပါသည်။
  • ဓမ္မသစ်ကျမ်းတွင် ယေရှုသည် မိမိကိုယ်မိမိ "ကောင်းသော သိုးထိန်း" ဖြစ်သည်ဟု သုံးနှုံးသည်။ ရှင်ပေါလုသည် ခရစ်တော််ကို အသင်းတော််၏ သိုးထိန်းကြီးဖြစ်ကြောင်း ညွှန်းဆိုထားပါသည်။
  • ဓမ္မသစ်ကျမ်းတွင်ပင် သိုးထိန်းဟူသော စကားလုံးကို အခြားသော ယုံကြည်သူများကို ဝိညာဉ်ရေးရာ၌ ဉီးဆောင်နေသူများ ရည်ညွှန်းသည်။ "သင်းအုပ်" ဟူသော စကားလုံးကိုနှင့် ယှဉ်ပြီးသုံးထား ပါသည်။ သင်းထောက်လူကြီးများနှင့် အသင်းတော်ဉီးစီးဆောင်ရွက်သူများကိုလည်း သိုးထိန်းဟူ၍ ခေါ်ကြပါသည်။

ဘာသာပြန်အကြံပြုချက်များ

  • "သိုးထိန်း" ဟူသောစကားလုံးကို သာမန်အချိန်တွင် "သိုးများကို ထိန်း‌ကျောင်းခြင်း" သို့မဟုတ် "သိုးများကို စောင့်ကြည့်ခြင်း" ဟု အဓိပ္ပါယ်ဖွင့်ဆိုနိုင်သည်။
  • "သိုးထိန်း" ဟူသော ပုဂ္ဂိုလ်ကို "သိုးများကို စောင့်ကြည့်သော ပုဂ္ဂိုလ်" သို့မဟုတ် "သိုး ကျောင်းသား" သို့မဟုတ် "သိုးကို ထိန်းသိမ်းစောင့်ရှောက်သူ" စသဖြင့် ပြန်ဆို၍ ရပါသည်။
  • ပုံပမာအရကြည့်ရလျှင် ဤစကားလုံးကို "ဝိညာဉ်ရေးရာ သိုးထိန်း" သို့မဟုတ် "ဝိညာဉ်ရေးရာ ဉီးဆောင်သူ"သို့မဟုတ် "သိုးထိန်းအသွင်ရှိသောသူ" သို့မဟုတ် "သိုးထိန်းကဲ့သို့ မိမိလူမျိုးကို ထိန်းကျောင်းသူ" သို့မဟုတ် "ဘုရားသခင်၏ သိုးအုပ်ကို ထိန်းကျောင်းသူ" ဟူ၍ အမျိုးမျိုး ပြန်ဆိုနိုင်ပါသည်။
  • အချို့သော ဒေသများတွင် "သိုးထိန်း" ဟူသောစကားလုံးကို "ခေါင်းဆောင်" သို့မဟုတ် "လမ်းညွှန်သူ" သို့မဟုတ် "ထိန်းကျောင်းသူ" ဟု ဖွင့်ဆိုနိုင်ပါသည်။