my_tw/bible/other/serpent.md

2.7 KiB

မြွေနဂါး၊ မြွေ၊ မြွေပွေး

အသုံးအနှုန်းများ၏အဓိပ္ပါယ်

ဤ ဝေါဟာရအားလုံးသည် တွားသွား၍ ကိုယ်ခန္ဓာ ရှည်လျားပြီးတကာလ ပါး၍ကြီးမားသော၊ ချွန်ထက်သောသွားစွယ်မေးရိုးများနှင့် မြေကြီးပေါ် အရှေ့၊ အနောက်ကို လျှောသွားရွေ.လျားသော တရိစ္ဆာန်ကို ညွှန်းပြသည်။ ​မြွေနဂါးသည် အမြဲလိုလို ကြီးမားသော မြွေကို ရည်ညွှန်းပြီး မြွေပွေးသည် အဆိပ်ပြင်းပြင်းရှိ၍ ၎င်း၏သားကောင်အား အဆိပ်ကျွေးတတ်သော မြွေဖြစ်သည်။ *ဤမြွေများကို စိတ်ဓာတ်ယုတ်မာသောသူ အထူးသဖြင့် လိမ်လည်လှည့်ဖျားသောသူအား ရည်ညွှန်းရာ၌သုံးပသည်။ *သခင်ယေရှုသည် ဘာသာရေးခေါင်းဆောင်များသည် ဖြောင့်မတ်သောကဲ့သို့ ဟန်ဆောင်လျက် လူတို့ကို မတရားနှိပ်စက်သောကြောင့် သခင်ယေရှု မြွေပွေး အမျိုးဟု ခေါ်ခဲ့သည်။ *ဧဒင်ဉယျာဉ်ထဲတွင် စာတန်သည် ဧဝကို လှည့်ဖြားသည့်အချိန်၌ မြွေသဏ္ဌာန် ဆောင်ယူခဲ့သည်။ *အပြစ်လုပ်ရန် ဧဝကို လှည့်ဖြားပြီးနောက်၊ ဧဝနှင့် ခင်ပွန်းသည်အာဒံတို့ အပြစ်ပြုပြီးနောက်တွင် ​မြွေအား မိမိတမျိုးလုံး မြေပေါ်မှာ ဝမ်းဖြင့်သွားရမည်အကြောင်း ဘုရားသခင် ကျိန်တော်မူခဲ့ရာ၊ ထိုကာလ မတိုင်မှီ၌ မြွေတွင် ခြေချောင်းရှိသည်ဟု အရိပ်အမြွက်ဖော်ပြခြင်းပင် ဖြစ်ရာ၏။