my_tw/bible/other/rod.md

2.7 KiB

လှံတံ၊ တောင်ဝှေး

အသုံးအနှုန်းများ၏အဓိပ္ပါယ်

"လှံတံ" ဟူသော စကားလုံးသည် တုတ်ကောက်၊ သေးသွယ်သော၊ ကျစ်လစ်သော လက်ကိုင်အသုံး ဟူသည့် သဘောကို ဆောင်သည်။ လှံတံ၏ အရှည်မှာ များသောအားဖြင့် သုံးပေခန့် ရှိသည်။

  • သိုးထိန်းများသည်သစ်သားလှံတံကိုအသုံးပြုခြင်းမှာ မိမိသိုးများကို အခြားတိရိစ္ဆာန်များရန်မှ ကာကွယ်ရန်အသုံးပြုသည်။ သစ်သားလှံတံကို လှည့်သွားလာနေသောမိမိသိုးတို့ကို အုပ်စုထဲသို့ပြန်လာရန်အသုံးပြုသည်။
  • ၂၃ ခုမြောက်သောဆာလံကျမ်းတွင် ရှင်ဘုရင်ဒါဝိဒ်က ဘုရားသခင်၏ စောင့်ရှောက်ခြင်းနှင့် လမ်းပြပြုပြင်ခြင်းကို ဉပမာအနေဖြင့် "တောင်ဝှေး" သို့မဟုတ် "လှံတံ" ကို ရည်ညွှန်းသည်။
  • သိုးများကို တောင်ဝှေးအောက်မှ ဖြတ်သွားခိုင်း ခြင်းဖြင့် သိုးအရေအတွက်ကို မှတ်သားကြသည်။
  • နောက်ဉပမာအနေနဲ့ "သံတုတ်" ကို မကောင်းသည့်သူနှင့် ဘုရားကိုပုန်ကန်သော သူများကို ဘုရားသခင်က အပြစ်ပေးခြင်းကိုရည်ညွှန်းသည်၊၊
  • ရှေးယခင်ကတိုင်းတာသောအရာများကို သတ္တု၊ သစ်သား သို့မဟုတ် ကျောက်တုံးများအားဖြင့် ပြုလုပ်၍ အရာဝတ္တုတွေနှင့်အဆောက်အအုံတွေကို တိုင်းတာသည့်နေရာတွင် အသုံးပြုသည်။
  • ကျမ်းစာထဲမှာ သစ်သားတုတ်ချောင်းသည် ကလေးများကိုဆုံးမရာတွင် အသုံးပြုသည်။