my_tw/bible/other/reward.md

2.8 KiB

ဆုလာဘ်တော်

အသုံးအနှုန်းများ၏အဓိပ္ပါယ်

"ဆုလာဘ်တော်" ဆိုသောဝေါဟာရသည် လူတစ်ယောက်ယောက်က အဆိုးဖြစ်စေ သို့မဟုတ် အကောင်းဖြစ်စေ လုပ်ဆောင်ပြီးသောအရာအတွက် လက်ခံရရှိတဲ့အရာကိုရည်ညွှန်းသည်။ "ဆုလာဘ်ရရှိခြင်း" လူတစ်ယောက်ယောက်က တစ်ဉီးဉီးအား ထိုက်တန်၍ ပေးသည်။

  • ဘုရား၏ စကားကိုနာခံလိုက်လျှောက်ခြင်းကြောင့် သို့မဟုတ် ကောင်းမွန်စွာ လုပ်ဆောင်ခြင်းကြောင့် လူတစ်ဉီးကကောင်းသော ဆုလာဘ်တော် သို့မဟုတ် အပြုသဘောဆောင်သောအရာကိုလက်ခံရရှိသည်။
  • တစ်ခါတရံ ဆုလာဘ်တော်သည် ဆိုးသောအပြုအမူမှ မကောင်းသောရလာဘ်ကိုရည်ညွှန်းခြင်း ဖြစ်သကဲ့သို့ "ကောက်ကျစ်စဉ်းလဲသူ၏ ဆုလာဘ်" ဟူ၍လည်း ရှိသည်။ ဤအခြေနေတွင် "ဆုလပ်" သည် အပြစ်ပေးခြင်း သို့မဟုတ် လုပ်ဆောင်မှုအမှားများမှ အဆိုးဘက်ကိုဖြစ်စေသည်။

ဘာသာပြန် အကြံပြုချက်

  • "ဆုလာဘ်တော်" ကို "ပေးခြင်း" သို့မဟုတ် "ထိုက်တန်ခြင်း" သို့မဟုတ် "အပြစ်ပေးခြင်း" ဟူ၍ဘာသာပြန်ဆိုနိုင်သည်။
  • တစ်ဉီးတစ်ယောက်အား ဆုလာဘ်ပေးခြင်းသည် "ပြန်ပေးရန်" သို့မဟုတ် "အပြစ်ပေးရန်" သို့မဟုတ် "သူနှင့်ထိုက်တန်သောအရာကိုပေးရန်" ဟူ၍ အဓိပ္ပါယ်ရသည်။
  • ဒီဝေါဟာရကိုဘာသာပြန်ရာတွင် လုပ်အားခကိုမရည်ညွှန်းကြောင်း သိရှိအပ်သည်။ ဆုလာဘ်သည် အလုပ်လုပ်၍ ရသောငွေကြေးမဟုတ်ပါ။