my_tw/bible/other/rejoice.md

1.5 KiB

ဝမ်းမြောက်ခြင်း

အသုံးအနှုန်းများ၏အဓိပ္ပါယ်

'ပြန်လည်ဝမ်းမြောက်ခြင်း' ဟူသော ဝေါဟာရသည် 'ပျော်ရွှင်ခြင်းနှင့် ပြည့်စုံခြင်း' နှင့် 'ဝမ်းသာခြင်း' ဟူ၍ ဖြစ်သည်။

  • ဤဝေါဟာရသည် ဘုရားသခင်ပြုတော်မူသော ဆုကျေးဇူးများအပေါ် အလွန်ပျော်ရွှင်ခြင်းကို ဆိုလိုသည်။
  • 'အလွန်ပျော်ရွှင်ခြင်း' (သို့) 'အလွန်ဝမ်းသာခြင်း' (သို့) 'ပျော်ရွှင်စရာနှင့်ပြည့်နေခြင်း' ဟူ၍ ဘာသာပြန်နိုင်သည်။
  • 'ဘုရားသခင်ကြောင့် ငါ့ဝိညာဉ်သည် ရွှင်လန်းမည်' ဟု မာရိကဆိုသောအခါ 'ဘုရားသခင်က ကျွန်ုပ်အားဝမ်းမြောက်စေသည်' (သို့) 'ဘုရားသခင်၏ ဆုကျေးဇူးကြောင့် ကျွန်ုပ်သည် ပျော်ရွှင်ခြင်းကို ခံစားလျှက်ရှိသည်' ဟု ဆိုလိုပါသည်။