my_tw/bible/other/reject.md

4.0 KiB

မထီမဲ့မြင်ပြု၊ ငြင်းပယ်

အသုံးအနှုန်းများ၏အဓိပ္ပါယ်

မထီမဲ့မြင်ပြုခြင်းဆိုသည်မှာ တစ်စုံတစ်ဦး (သို့) တစ်စုံတစ်ခုက တစ်စုံတစ်ဦး (သို့) တစ်စုံတစ်ခုအား လက်ခံရန် ငြင်းပယ်လိုက်ခြင်းကို ဆိုလိုသည်။

  • မထီမဲ့မြင်ပြုခြင်းသည် တစ်စုံတစ်ခုအား ယုံကြည်ရန် ငြင်းပယ်ခြင်းဖြစ်သည်။
  • ဘုရားသခင်အား မထီမဲ့မြင်ပြုခြင်းသည် ဘုရားသခင်အား ငြင်းပယ်ခြင်းကို ဆိုလိုသည်။
  • ဣသရေလလူမျိုးများက မောရှေ၏ ဉီးဆောင်မှုကို ငြင်းပယ်သောအခါ သူတို့သည် မောရှေ၏ အုပ်ချုပ်မှု အာဏာကို ပုန်ကန်သည်။ ဣသရေလလူမျိုးများသည် မောရှေအား မနာခံလိုကြပေ။
  • ဣသရေလလူမျိုးများသည် လွဲမှားသော နတ်ဘုရားများကို ကိုးကွယ်သည့်အခါ ဣသရေလလူမျိုးများ ဘုရားသခင်အား ငြင်းပယ်ကြောင်း ဖော်ပြနေသည်။
  • 'အဝေးသို့တွန်းပို့ခြင်း' ဟူသော ဝေါဟာရသည် မထီမဲ့မြင်ပြုခြင်း၏ အဓိပ္ပာယ်ဖြစ်သည်။ အခြားသော စကားလုံးများက တူညီသော ဖော်ပြချက်များရှိမည်ဖြစ်ပြီး တစ်စုံတစ်ယောက် (သို့) တစ်စုံတစ်ခုအား မထီမဲ့ပြုရန် (သို့) ငြင်းပယ်ရန်ဟူ၍ အဓိပ္ပာယ်ရသည်။

ဘာသာပြန် အကြုံပြုချက်

  • အခြေအနေနှင့် အချိန်အခါအရ 'ငြင်းပယ်ခြင်း' ဟူသော ဝေါဟာရသည် 'လက်မခံခြင်း' သို့မဟုတ် 'ကူညီရန်ရပ်တန့်ခြင်း' သို့မဟုတ် 'လိုက်နာရန်ငြင်းပယ်ခြင်း' 'လိုက်နာရန် ရပ်တန့်ခြင်း' ဟူ၍ ဘာသာပြန်နိုင်သည်။
  • 'တိုက်ကို တည်လုပ်သောသူများ ပယ်ထားသောကျောက်' ဟူသော ဖော်ပြချက်တွင် 'ငြင်းပယ်ခြင်း' ကို 'အသုံးပြုရန် ငြင်းပယ်ခြင်း' သို့မဟုတ် 'အသုံးပြုရန် လက်မခံခြင်း' သို့မဟုတ် 'အဝေးသို့လွှင့်ပစ်သည်' 'အကျိုးမရှိသည်ကို ဖယ်ထုတ်သည်' ဟူ၍ ဘာသာပြန်နိုင်သည်။
  • လူများက ဘုရား၏ ပညတ်တော်ကို ငြင်းပယ်သော အကြောင်းအရာသည် ဘုရား၏ပညတ်တော် 'လိုက်နာရန် ငြင်းပယ်ခြင်း' သို့မဟုတ် 'ဘုရား၏ပညတ်တော်အား လက်မခံရန် ငြင်းဆန်ခြင်း' ဟူ၍ ဘာသာပြန်နိုင်သည်။