my_tw/bible/other/rebuke.md

2.3 KiB

ပြစ်တင်သည် (သို့) ဆုံးမသည်

အသုံးအနှုန်းများ၏အဓိပ္ပါယ်

'ပြစ်တင်သည်' ဟူသော ဝေါဟာရသည် တစ်စုံတစ်ယောက်အား ပြင်းထန်သော စကားလုံးဖြင့် ပြုပြင်ခြင်း၊ တစ်နည်းအားဖြင့် ထိုသူအား အပြစ်ပြုလုပ်ခြင်းမှ ကင်းဝေးစေရန် ရည်ရွယ်ချက်ဖြင့် ဆုံးမခြင်းကို ဆိုလိုသည်။

  • အခြားယုံကြည်သူများ ဘုရားအားလိုက်နာမှု မရှိလျှင် ခရစ်ယာန်များအနေဖြင့် ထိုသူတို့အား ဆုံးမရန် ဓမ္မသစ်၌ မှာကြားထားသည်။
  • မိဘများအား ကလေးများ နာခံမှုမရှိလျှင် ဆိုဆုံးမရန် သုတ္တံကျမ်း၌ ဖော်ပြထားသည်။
  • ဆိုဆုံးမခြင်းသည် ထုံးစံအတိုင်း အမှားများပြုလုပ်ခြင်းဖြင့် အနာဂတ်၌ အပြစ်နွံနစ်သူများအဖြစ်မှ ကာကွယ်ပေးသည်။
  • 'ပြင်းထန်သောပြုပြင်မှု' (သို့) 'တိုက်တွန်းခြင်း' ဟူ၍လည်း ပြန်ဆိုနိုင်သည်။
  • 'ဆုံးမသော' ဟူသော စကားစုကို 'ပြင်းထန်သောပြင်ဆင်မှု' (သို့) 'ပြင်းထန်သော အပြစ်တင်ခြင်း' ဟူ၍လည်း ဘာသာပြန်နိုင်သည်။
  • 'ဆုံးမမှုမရှိခြင်း' ကို 'တိုက်တွန်းမှုမရှိခြင်း' (သို့) 'အပြစ်တင်မှုမရှိခြင်း' ဟူ၍ ဘာသာပြန်နိုင်သည်။