my_tw/bible/other/reap.md

2.0 KiB

ရိတ်၊ ရိတ်သောသူ

အသုံးအနှုန်းများ၏အဓိပ္ပါယ်

'ရိတ်' ဟူသော ဝေါဟာရသည် ဂျုံ၊ စပါးစသည့်ကောက်ပဲသီးနှံများကို ရိတ်သိမ်းခြင်းဖြစ်သည်။ ရိတ်သောသူ ဆိုသည်မှာ ကောက်ပဲသီးနှံများကို ရိတ်သိမ်းသောသူကို ဆိုလိုသည်။

  • ရိတ်သောသူသည် အမြဲအားဖြင့် ကောက်ပဲသီးနှံများကို လက်ဖြင့် လိုက်သိမ်းလေ့ရှိသည်။ အပင်များကို လက်ဖြင့် ဆွဲယူပြီးထက်သော ကိရိယာဖြင့် ဖြတ်ယူခြင်းဖြစ်သည်။
  • ရိတ်သိမ်းခြင်းဟူသော အတွေးအခေါ်ကို ယေရှုခရစ်၏ သတင်းကောင်းတို့အား ဝေငှခြင်းနှင့် ဘုရား၏ မိသားစုဝင်အဖြစ် စတင်စည်းရုံးရာတွင် တင်စားလေ့ရှိသည်။
  • ဤဝေါဟာရအား လူတစ်ဦး၏ လုပ်ရပ်ဖြစ်စဉ်အပေါ်တွင် တင်စားလေ့ရှိပြီး 'မိမိစိုက်သကဲ့သို့ ပြန်လည်ရိတ်သိမ်းရမည်' ဟူ၍ ဆိုစကားရှိသည်။
  • အခြားတစ်ဖက်၌ 'ရိတ်ရန်' နှင့် 'ရိတ်သောသူ' အား ပြန်ဆိုရာ၌ 'ကောက်ပဲသီးနှံရိတ်သိမ်းရန်' နှင့် 'ကောက်ပဲသီးနှံရိတ်သိမ်းသူ' တို့ ပါနိုင်သည်။