my_tw/bible/other/rage.md

2.3 KiB

စိတ်မာန်ထခြင်း

အသုံးအနှုန်းများ၏အဓိပ္ပါယ်

စိတ်မာန်ထခြင်းသည် အထိန်းအကွပ်မဲ့၍ ထိန်းသိမ်း၍မရ ပြင်းထန်သော စိတ်ဆိုးခြင်း ဖြစ်သည်။ တစ်စုံတယောက်က စိတ်မာန်ထသောအခါ ထိုသူသည် ပျက်စီးစေလိုသော ရည်ရွယ်ချက်ဖြင့် စိတ်ဆိုးဒေါသဖြစ်ခြင်းကို ဖော်ပြခြင်းကို ဆိုလိုသည်။

  • စိတ်မာန်ထခြင်းသည် တစ်စုံတစ်ယောက်က စိတ်ဆိုးဒေါသဖြစ်ခြင်းကြောင့် မိမိကိုယ်ကို အထိန်းအကွပ်မဲ့သော အချိန်ကို ဆိုလိုသည်။
  • စိတ်မာန်ထခြင်း လွှမ်းမိုးသွားသောအခါ တစ်စုံတစ်ယောက်သည် ပျက်စီးရာပျက်စီးကြောင်းကို ပြောဆို၊ ကျင့်ကြံလေသည်။
  • 'မာန်ထခြင်း' ဆိုသည့် ဝေါဟာရသည် ပြင်းထန်သော လှုပ်ရှားမှုကိုလည်းရည်ညွှန်းသည်။ ဉပမာ- မာန်ဟုန်ပြင်းသော မုန်တိုင်း (သို့) မာန်ဟုန်ပြင်းသော သမုဒ္ဒရာရေလှိုင်း
  • 'မာန်ထသောလူမျိုး' ဆိုသည်မှာ ဘုရားအားလက်မခံဘဲ ပုန်ကန်သော ဘုရားမဲ့လူတစ်စုကို ရည်ညွှန်းသည်။
  • 'မာန်ထခြင်းနှင့် ပြည့်နှက်ခြင်း' ဆိုသည်မှာ ပြင်းထန်သော ဒေါသနှင့် လွှမ်းမိုးသော စိတ်ခံစားမှုကို ဆိုလိုသည်။