my_tw/bible/other/punish.md

3.3 KiB

အပြစ်ဒဏ်ပေးခြင်း

အသုံးအနှုန်းများ၏အဓိပ္ပါယ်

"အပြစ်ဒဏ်ပေးခြင်း" ဟူဆိုသော အသုံးအနှုန်းသည် တစုံတစ်ယောက်ကို အမှားတစုံတစ်ခုပြုလုပ်သောကြောင့် အပျက်သဘောဆောင်သော အကျိုးအဆက်များခံစားစေခြင်းဖြစ်သည်။ "အပြစ်ဒဏ်" ဟူဆိုသော အသုံးအနှုန်းသည် မှားယွင်းစွာလုပ်ဆောင်ခြင်း၏ ရလဒ်အနေဖြင့် ရရှိသော အပျက်သဘောဆောင်အကျိုးအဆက်များကို ရည်ညွှန်းသည်။

  • တခါတစ်ရံ အပြစ်ဒဏ်ပေးခြင်းသည် လူတစ်ယောက်ကို အပြစ်မလုပ်ရန် နှိုးဆော် ရည်ရွယ်သည်။
  • ဘုရားသခင်သည် ဣသရေလလူမျိုးများကို သူ့ကိုမနာခံခြင်းကြောင့် အပြစ်ပေးခဲ့သည်။ အထူးသဖြင့် အခြားသောဘုရားများကိုကိုးကွယ်ချိန်တွင် အပြစ်ပေးခဲ့သည်။ သူတို့၏အပြစ်ကြောင့် ဘုရားသခင်သည် သူတို့၏ရန်သူများကို ဖမ်းဆီးခေါ်ဆောင်ခွင့် ပြုခဲ့သည်။
  • ဘုရားသခင်သည် ဖြောင့်မတ်ပြီး တရားမျှတသည်၊ ထို့ကြောင့် အပြစ်လုပ်သောသူများကို အပြစ်ပေးသည်။ လူသားတိုင်း ဘုရားကိုဆန့်ကျင်ပြီး အပြစ်ဒဏ်ကိုခံထိုက်ကြသည်။
  • ယေရှုခရစ်တော်သည် လူတိုင်းကျူးလွန်ခဲ့သော မကောင်းမှုများအတွက် အပြစ်ပေးခြင်းကို ခံခဲ့သည်။ မည်သည့် အမှားမျှမကျူးလွန် ၊ အပြစ်ပေးခြင်းကို မခံထိုက်သော်လည်း လူတို့၏အပြစ်အတွက် ကိုယ်တိုင်ကျေနပ်စွာ ခံယူခဲ့သည်။
  • "အပြစ်လွှတ်ခြင်းခံရသည်" နှင့် "အပြစ်မပေး" ဆိုသော ဖော်ပြချက်၏ဆိုလိုရင်းမှာ သူတို့၏အမှားအတွက် ပြစ်ဒဏ်မပေးရန် ဆုံးဖြတ်ခြင်းကိုဆိုလိုသည်။ ဘုရားသခင်သည် တခါတစ်ရံ လူများကိုနောင်တရလာဖို့အလို့ငှါ အပြစ်ကို ဒဏ်မတ်ဘဲ နေတတ်သည်။