my_tw/bible/other/prosper.md

5.4 KiB

ကြီးပွားအောင်မြင်မှု၊ အောင်မြင်ဖြစ်ထွန်းမှု၊ ကြီးပွားချမ်းသာသော

အသုံးအနှုန်းများ၏အဓိပ္ပါယ်

"ကြီးပွားအောင်မြင်သည်" ဟူဆိုသော အသုံးအနှုန်းသည် ‌ယေဘုယျအားဖြင့် ကောင်းစွာအသက်ရှင်ခြင်း နှင့် ဝိညာဉ်ရေးရာ ခန္ဓာပိုင်းဆိုင်ရာ ကြီးပွားအောင်မြင်ခြင်းကို ရည်ညွှန်းသည်။ လူမျိုးများနှင့်နိုင်ငံများသည် "ကြီးပွားအောင်မြင်ကြသည်"။ ဆိုလိုသည်မှာ သူတို့သည် ချမ်းသာကြပြီး အောင်မြင်ဖို့ရန်အတွက် လိုအပ်သောအရာများ ရှိကြသည်။ သူတို့သည် "ကြီးပွားအောင်မြင်ခြင်း" ကိုလက်တွေ့ခံစားကြရသည်။

  • "ကြီးပွားချမ်းသာသော" ဟူဆိုသော အသုံးအနှုန်းသည် တခါတရံ ငွေကြေးပိုင်ဆိုင်ခြင်း၊ ပစ္စည်းပစ္စယ ပိုင်ဆိုင်ခြင်း သို့မဟုတ် လူများကောင်းစွာ အသက်ရှင်ဖို့ရန်အတွက် လိုအပ်သော အရာအားလုံး ပြုလုပ်ပေးနိုင်ခြင်းကို ရည်ညွှန်းသည်။
  • သမ္မာကျမ်းစာထဲတွင် "ကြီးပွားချမ်းသာသော" ဟူဆိုသော အသုံးအနှုန်းသည်လည်း ကျန်းမာခြင်းသုခ နှင့် သားသမီးများနှင့် ကောင်းကြီးခံစားရခြင်းများလည်း ပါဝင်သည်။
  • "ကြီးပွားချမ်းသာသော" မြို့၊ နိုင်ငံသည် လူဉီးရေများပြားခြင်း၊ ကောင်းသောအစားအစာများ ထုတ်လုပ်ခြင်း၊ ငွေကြေးမြောက်များစွာယူဆောင် ပေးစွမ်းနိုင်သော စီးပွားရေးစနစ် ပိုင်ဆိုင်ခြင်း ဖြစ်သည်။
  • လူတစ်ယောက်သည် ဘုရားသခင်၏ သွန်သင်ချက်များကို နာခံလိုက်နာသောအခါ ဝိညာဉ်ရေးရာ၌ "ကြီးပွားချမ်းသာ" မည်ဟု သမ္မာကျမ်းစာက သွန်သင်ထားပါသည်။ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်း ကောင်းကြီးများကိုလည်း တွေ့ကြုံခံစားရမည် ဖြစ်ပါသည်။ ဘုရားသခင်သည် ရုပ်ပိုင်းနှင့်ဆိုင်သည့် အရာများစွာကို ပေးလေ့မရှိပါ။ သို့သော်လည်း ဘုရားသခင်သည် သူ၏သွန်သင်ချက်များကို လိုက်လျှောက်ကြလျှင် ဝိညာဉ်ရေးရာ ကောင်းကြီးများ အစဉ်ပေးသည်။
  • ရေခံမြေခံအပေါ်တွင်မူတည်၍ "ကြီးပွားအောင်မြင်မှု" ဟူဆိုသော အသုံးအနှုန်းသည် "ဝိညာဉ်ရေးရာအောင်မြင်မှု"၊ "ဘုရားသခင်အားဖြင့်ကောင်းကြီးခံစားရခြင်း" ကောင်းသောအရာကို တွေ့ကြုံခံစားရခြင်း" သို့မဟုတ် "ကောင်းစွာ အသက်ရှင်ခြင်း" ဟု ဘာသာပြန်ဆိုနိုင်သည်။
  • "ကြီးပွားချမ်းသာသော" ဟူဆိုသော အသုံးအနှုန်းကို "အောင်မြင်သော" "ချမ်းသာကြွယ်ဝသော" သို့မဟုတ် "ဝိညာဉ်ရေးရာအသီး, သီးသော" ဟူ၍လည်း ဘာသာပြန်ဆိုနိုင်သည်။
  • "အောင်မြင်ဖြစ်ထွန်းမှု" ဟုဆိုသော အသုံးအနှုန်းကို "ကျေနပ် ကျန်းမာခြင်း" "ချမ်းသာကြွယ်ဝမှု" "အောင်မြင်မှု" သို့မဟုတ် " ကြွယ်ဝသောကောင်းကြီးများ" ဟူ၍လည်း ဘာသာပြန်ဆိုနိုင်သည်။