my_tw/bible/other/profit.md

3.8 KiB

အမြတ်အစွန်း၊ အမြတ်အစွန်း ထွက်သော

အသုံးအနှုန်းများ၏အဓိပ္ပါယ်

ယေဘုယျအားဖြင့် "အမြတ်အစွန်း" "အမြတ်အစွန်း ထွက်သော" ဟူသောအသုံးအနှုန်းသည် သေချာမှန်ကန်သော အပြုအမူ သို့မဟုတ် အပြုအမူအကျင့်အကြံအားဖြင့် ကောင်းသောအရာများကိုရရှိခြင်းကို ရည်ညွန်းသည်။ ကောင်းသောအရာတစုံတခုကို ရရှိခြင်းကို ဆိုလိုသည်။ ထိုအရာသည် လူအများအတွက် ကောင်းသောအရာများ၊ ကောင်းကျိုးကိုဖြစ်စေသော အရာများကိုယူဆောင်ပေးနိုင်လျှင် တစုံတစ်ခုသောအရာသည် အမြတ်အစွန်း ထွက်သောအရာဖြစ်သည်။

  • "အမြတ်အစွန်း" ဟူသောအသုံးအနှုန်းသည် ‌တခါတရံ စီးပွားရေးလုပ်ခြင်းအားဖြင့်ရရှိသော ငွေကြေးကို အထူးသဖြင့်ရည်ညွှန်းသည်။ ထွက်ငွေထက် ဝင်ငွေပိုများလျှင် စီးပွားရေးသည် "အမြတ်အစွန်း" ဖြစ်သည်။
  • လုပ်ဆောင်ချက်များသည် လူများအတွက် ကောင်းသောအရာများကို ယူဆောင်ပေးလျှင် "အမြတ်အစွန်း" ဖြစ်သည်။
  • ၂ တိ ၃း၁၆ တွင် နှုတ်ကပတ်တော်သည် လူများကို ဖြောင့်မတ်ခြင်းထဲ၌ ပြုပြင်ခြင်း၊ သင်ကြားခြင်းများအတွက် အကျိူးအမြတ်ဖြစ်စေသည်။ ဆိုလိုသည်မှာ နှုတ်ကပတ်တော်၏သွန်သင်ချက်များသည် ဘုရားသခင်၏ အလိုတော်အတိုင်း လူများအသက်ရှင်ဖို့ရန်အတွက် အကူအညီအဖြစ် အသုံးပြုရသည်။

ဘာသာပြန်အကြံပြုချက်

  • အခြေအနေအပေါ် မူတည်၍ "အမြတ်အစွန်း" ဟူသော အသုံးအနှုန်းသည် "အကျိူးအမြတ်" "အကူအညီ" သို့မဟုတ် "အမြတ်အစွန်း" ဟူ၍လည်း ဘာသာပြန်ဆိုနိုင်သည်။
  • "အမြတ်အစွန်း ထွက်သော" ဟူသောအသုံးအနှုန်းသည် "အသုံးဝင်သော" "ကောင်းကျိူးဖြစ်ထွန်းစေသော" သို့မဟုတ် "အကူအညီပေးသော"ဟူ၍လည်း ဘာသာပြန်ဆိုနိုင်သည်။
  • စီးပွားရေးနယ်ပယ်တွင် "အမြတ်အစွန်း" ဟူသောစကားလုံးသည် "အမြတ်ငွေ" "ပိုလျှံသောငွေ" သို့မဟုတ် "အပိုငွေ" ဟူ၍ စကားလုံးဖြင့် ဘာသာပြန်ဆိုနိုင်သည်။