my_tw/bible/other/profane.md

2.3 KiB

ညစ်ညူးစေသည်၊ အသရေ ဖျက်သည်၊ ဘာသာတရား မကိုင်းရှိုင်းခြင်း

အသုံးအနှုန်းများ၏အဓိပ္ပါယ်

တစုံတခုကိုညစ်ညူးစေခြင်းဆိုသည်မှာ သန့်ရှင်းသောအရာကို အသရေဖျက်ခြင်း၊ ညစ်ညမ်းစေခြင်း၊ မရိုမသော ပြုမူခြင်းဖြစ်သည်။

  • ညစ်ညူးစေသောသူ ဆိုသည်မှာ မသန့်ရှင်းစွာဖြင့် ဘုရားကို အသရေကို ရှုတ်ချသောသူဖြစ်သည်။
  • ကြိယာ "ညစ်ညူးစေရန်" သည် "မသန့်ရှင်းစွာ ပြုမူကိုင်တွယ်ရန်" သို့မဟုတ် " မလေးစားခြင်း" သို့မဟုတ် "အသရေ ဖျက်ရန်" ဟု ဘာသာပြန်နိုင်သည်။
  • ဘုရားသခင်သည် ဣသရေလ လူမျိုးများကို သင်တို့သည် ရုပ်တုဆင်းတုများ ကိုးကွယ်ခြင်းအားဖြင့် မိမိကိုယ်ကိုယ်မိမိ ညစ်ညူးစေကြပြီဟုပြောဆိုသည်။ အဓိပ္ပာယ်မှာ ဣသရေလ လူမျိုးများသည် သူတို့ကိုသူတို့ အပြစ်အားဖြင့် မသန့်ရှင်း ၊ သို့မဟုတ် အသရေဖျက် ကြသည်။ သူတို့သည် ဘုရားသခင်ကိုလည်း အသရေဖျက်ကြသည်။
  • ရေခံမြေခံအပေါ်တွင် မူတည်၍ နာမဝိသေသန "ညစ်ညူးစေသော" ဟူသောစကားလုံးသည် "အသရေဖျက်စေသော" "ယုတ်မာသော" သို့မဟုတ် "မသန့်ရှင်းသော" ဟူ၍ ဘာသာပြန်ဆိုနိုင်သည်။