my_tw/bible/other/preach.md

2.4 KiB

တရားဟောခြင်း

အသုံးအနှုန်းများ၏အဓိပ္ပါယ်

လူစုလူဝေးထဲသို့ စကားပြောခြင်း၊ ဘုရားသခင်၏ အကြောင်းတရားများကို သင်ကြားပေး၍ ဘုရားကို နာခံဖို့ တိုက်တွန်းနှိုးဆော်ခြင်းများ ဖြစ်သည်။

  • ပုံမှန်အားဖြင့် တရားဟောခြင်းသည် လူတစ်ဉီးတစ်ယောက်က လူစုလူဝေး ဆီသို့ ဟောပြောခြင်း ဖြစ်သည်။ တရားဟောခြင်းသည် စာရေးသားခြင်း မဟုတ်ဘဲ စကားပြောခြင်း ဖြစ်သည်။
  • တရားဟောခြင်းနှင့် စာသင်ပြခြင်းသည် တူသယောင်ရှိသော်လည်း မတူပါ။
  • သာမန်အားဖြင့် တရားဟောခြင်းသည် ဝိညာဉ်ရေးရာများ သို့မဟုတ် ကိုယ်ကျင့်တရားများကို လူသိရှင်ကြား ပြောကြား၍ ကြားနာသူတို့၏ တုံ့ပြန်မှုများကို ရယူရန်တောင်းဆိုခြင်း ဖြစ်သည်။ သင်ကြားခြင်း ဆိုသည့် စကားလုံးသည် ပညာပေးခြင်း၊ သတင်းအချက်အလက်ကို ပြောပေးခြင်းနှင့် မည်သို့မည်ပုံ လုပ်ရမည်ကိုရှင်းပြပေးခြင်း ဖြစ်သည်။
  • တရားဟောခြင်း ဟူသည့် စကားလုံးသည် သတင်းကောင်း ပြောကြားခြင်း ဖြစ်သည်။
  • တစ်စုံတစ်ယောက်က တစ်ခြားသူများထံ ဟောပြောခြင်းကို တနည်းအားဖြင့် သင်ကြားခြင်း ဟုလည်း ဆိုနိုင်သည်။