my_tw/bible/other/persecute.md

2.9 KiB

ညှင်းဆဲ၊ ညှင်းပန်းနှိပ်စက်

အသုံးအနှုန်းများ၏အဓိပ္ပါယ်

ညှင်းဆဲခြင်း သို့မဟုတ် ညှင်းပန်းနှိပ်စက်ခြင်းဟူသော အသုံးအနှုန်းသည် လူပုဂ္ဂိုလ် သို့မဟုတ် လူအုပ်စုတစ်စုကို နာကျင်စေရန် လုပ်ဆောင်သည့်နေရာတွင် အသုံးပြုသည်။

  • ညှင်းဆဲခြင်းသည် လူပုဂ္ဂိုလ်တစ်ဉီး သို့မဟုတ် လူအများတို့ကို ထပ်ခါထပ်ခါ သို့မဟုတ် အဆက်မပြတ် တိုက်ခိုက်ခြင်းဖြစ်သည်။
  • ဣသရေလလူမျိုးများသည် များစွာသော လူမျိုးနွယ်စုများမှ တိုက်ခိုက်ခြင်းနှင့် သူတို့ဆီမှ ဥစ္စာလုယူခြင်းဖြင့် ညှင်းဆဲကြသည်။
  • လူများသည် ဘာသာရေးယုံကြည်ချက် မတူသောသူ သို့မဟုတ် ဘာသာရေးလူနည်းစုကို နှိပ်စက်တတ်ကြသည်။
  • ယုဒဘာသာရေးခေါင်းဆောင်များသည် ခရစ်တော်၏ သွန်သင်မှုကို မလိုလားကြသဖြင့် ဆန့်ကျင်ကြသည်။
  • ခရစ်တော်ကောင်းကင်သို့ ပြန်တက်ပြီးနောက် ယုဒဘာသာရေးခေါင်းဆောင်များနှင့် ရောမအစိုးရတို့သည် ခရစ်တော်၏ နောက်လိုက်များကို နှိပ်စက်ကြသည်။
  • ညှင်းဆဲခြင်းဟူသောအသုံးအနှုန်းသည် "ဖိနှိပ်ခြင်း၊ ကြမ်းတမ်းစွာဆက်ဆံခြင်း (သို့မဟုတ်) အဆက်မပြတ် မတရားစွာဆက်ဆံပြုမူခြင်းဟူ၍လည်း ဘာသာပြန်နိုင်သည်။
  • ညှင်းဆဲခြင်းကို ဘာသာပြန်ရာတွင် "နာကျင်အောင် ပြုမူဆက်ဆံခြင်း၊ ဖိနှိပ်ချုပ်ခြယ်ခြင်း သို့မဟုတ် အဆက်မပြတ် နာကျင်အောင် ဆက်ဆံခြင်းစသည့်တို့ကိုလည်း သုံးနိုင်သည်။