my_tw/bible/other/perfect.md

2.2 KiB

ပြည့်စုံသော

အသုံးအနှုန်းများ၏အဓိပ္ပါယ်

သမ္မာကျမ်းစာတွင် ပြည့်စုံသော ဟူသည့် ဝေါဟာရသည် ခရစ်ယာန်အသက်တာ၌ ရင့်ကျက်ခြင်းကိုဆိုလိုသည်။

  • ပြည့်စုံခြင်းနှင့်ရင့်ကျက်ခြင်းသည် နာခံသော အသက်တာနှင့် အပြစ်ကင်းစင်ခြင်း အဓိပ္ပါယ်ဆောင်သည်။
  • ပြည့်စုံခြင်း ဟူသောဝေါဟာရသည် စုံလင်သော (သို့) လုံးဝဥသုံ ဟူ၍လည်း အဓိပ္ပါယ်ရှိသည်။
  • ဓမ္မသစ်ကျမ်း ရှင်ယာကုပ်သြဝါဒစာစောင်တွင် ယုံကြည်ခြင်း၌ ဆန္ဒပြင်းပြစွာ ဇွဲထုတ်၍ စုံလင်ခြင်းနှင့် ရင့်ကျက်ခြင်းကို ထုတ်ဖော်ခြင်းဟု ဖော်ပြထားပါသည်။
  • ယုံကြည်သူများသည် သမ္မာကျမ်းစာကိုလေ့လာခံယူပြီး ဝိညာဉ်ရေးရာ၌ ပြည့်စုံခြင်းနှင့် ရင့်ကျက်ခြင်းရရှိလာကာ၊ သူတို့၏အကျင့်စရိုက်သည်ပို၍ ခရစ်တော်ကဲ့သို့ဖြစ်လာပါသည်။

ဘာသာပြန် အကြံပြုချက်

  • ဤဝေါဟာရသည် အပြစ်အနာအဆာမရှိ (သို့) အမှားအယွင်းမရှိ (သို့) ချို့ယွင်းချက်မရှိ (သို့) အပြစ်မရှိ (သို့) အမှားများတစ်ခုမှမရှိ ဟု ဘာသာပြန်ဆိုနိုင်ပါသည်။