my_tw/bible/other/peace.md

3.2 KiB

ငြိမ်းချမ်းရေး၊ ငြိမ်းချမ်းသော

အသုံးအနှုန်းများ၏အဓိပ္ပါယ်

ငြိမ်းချမ်းရေး ဟူသောဝေါရသည် သဘောထားကွဲလွဲမှုမရှိခြင်း၊ စိုးရိမ်မှုမရှိခြင်း သို့မဟုတ် ကြောက်ရွှံ့ခြင်း မရှိခြင်းကို ရည်ညွှန်းပါသည်။ ငြိမ်းချမ်းသော လူတစ်ဦးတစ်ယောက်သည် ငြိမ်သက်ခြင်း၊ အာမခံရှိခြင်း နှင့်လှုံခြုံစိတ်ချမှုရှိပါသည်။

  • ငြိမ်းချမ်းရေးသည် လူစုသို့မဟုတ် တိုင်းပြည်များ တစ်ပါးနှင့်တစ်ပါး ရန်မရှိခြင်းကိုရည်ညွန်းပါသည်။ ထိုလူတို့သည် ငြိမ်းချမ်းသောဆက်သွယ်မှုရှိပါသည်။
  • လူတစ်ဦး သို့မဟုတ် လူတစ်စု ငြိမ်းချမ်းရေးလုပ်ခြင်းသည် အပစ်အခတ်၊ တိုက်ခိုက်မှုမှရပ်နားခြင်းဖြစ်ပါသည်။
  • ငြိမ်းချမ်းရေးလုပ်ဆောင်သူသည် လူသားများ အချင်းချင်းငြိမ်းချမ်းစွာ နေထိုင်ရန်လွှမ်းမိုးနိုင်ရမည်။
  • ငြိမ်းချမ်းစွာနေရခြင်းသည် အခြားသူများကိုတိုက်ခိုက်မှုမရှိခြင်း အဓိပ္ပါယ်ရှိပါသည်။
  • ဘုရားသခင်ကလူများကို သူတို့၏အပြစ်များမှ ကယ်တင်ခြင်းအားဖြင့် ဘုရားသခင်နှင့်ကောင်းသော သို့မဟုတ် မှန်သော ဆက်သွယ်ခြင်းဖြစ်လာပါသည်။ ဤအရာသည် ဘုရားသခင်နှင့်ငြိမ်းချမ်းခြင်းဖြစ်သည်။
  • တမန်တော်များ ရေးသောစာထဲတွင် ယုံကြည်သူများ ကောင်းချီးခံစားခြင်းသည် ကျေးဇူးတော်နှင့် ငြိမ်းချမ်းစွာတွေ့ဆုံခြင်းဟု သုံးနှုန်းပါသည်။
  • ငြိမ်းချမ်းရေးဟူသောဝေါဟာရသည် အခြားသူများ သို့မဟုတ် ဘုရားနှင့်ကောင်းသော ဆက်သွယ်ခြင်းကို ရည်ညွှန်းပါသည်။