my_tw/bible/other/palm.md

1.6 KiB

စွန်ပလွံ

အသုံးအနှုန်းများ၏အဓိပ္ပါယ်

စွန်ပလွံအပင်သည် ရှည်၍မြှင့်ပြီးကွေးနိုင်ဆန့်နိုင်သော သစ်ပင်မျိုးဖြစ်၍ ထိပ်တွင် အကိုင်းအရွက်များသည် ယပ်တောင်ပမာ ဖြာထွက်နေသည်။

  • သမ္မာကျမ်းစာတွင် စွန်ပလွံပင်ကို အသီးသီးတတ်သောအပင်မျိူးဟု ရည်ညွှန်းဆိုပါသည်။ အရွက်များသည် အုန်းရွက်အလား ဖြစ်နေပါသည်။
  • စွန်ပလွံပင်သည် ရာသီဉတုပူပြင်း၊ စိုထိုင်းသောနေရာတွင် ပေါက်ရောက်သည် အမြဲစိမ်းသစ်ပင်ဖြစ်သည်။
  • ယေရှုသည် ယေရုရှလင်မြို့သို့ မြည်းကလေး စီးပြီး၀င်ရောက်သည့် အချိန်တွင်လူစုတို့သည် လမ်းတွင် စွန်ပလွံကိုင်းများခင်းထားကြသည်။
  • စွန်ပလွံကိုင်းသည် ငြိမ်းချမ်းရေးနှင့်အောင်ပွဲဆင်နွဲခြင်း သဘောပုံဆောင်ပါသည်။