my_tw/bible/other/olive.md

2.0 KiB

သံလွင်ပင်၊ သံလွင်ပင်များ

အသုံးအနှုန်းများ၏အဓိပ္ပါယ်

မြေထဲပင်လယ်ပတ်ဝန်းကျင်တွင် အများစုစိုက်ပျိုးပေါက်ရောက်သော သံလွင်ပင်မှသီးသော ဘဲဥ ပုံသဏ္ဌာန် ရှိသောအသီးကို ခေါ်ပါသည်။

  • သံလွင်ပင်သည်အမြဲစိမ်းသစ်ပင်ဖြစ်ပြီး အဖြူရောင်ပန်းပွင့်သော အပင်ဖြစ်သည်။ ပူပြင်းသော ရာသီရှိသည့်အရပ်တွင် ပေါက်ရောက်ပြီး အနည်းငယ်သောရေဖြင့်ရှင်သန် နိုင်သောအပင်ဖြစ်သည်။
  • သံလွင်ပင်အသီးသည် သီးစတွင် အစိမ်းရောင်ဖြစ်သော်လည်း ရင့်မှည့်လာသောအခါ အနက်ရောင်သို့ ပြောင်းလဲသွားပါသည်။ သံလွင်သီးကို အစားအစာအဖြင့် စာသုံးသလို ဆီကိုလည်း ထုတ်ယူသုံးစွဲပါသည်။
  • သံလွင်ဆီကိုချက်ပြုတ်ရာတွင်လည်းကောင်း၊ မီးထွန်းရာတွင်လည်းကောင်း၊ ဘာသာရေးပွဲများတွင် သော်လည်းကောင်း အသုံးပြုပါသည်။
  • သမ္မာကျမ်းစာတွင်တစ်ခါတစ်ရံ သံလွင်ပင်နှင့်အကိုင်းအခက်များကို လူအဖြစ် ပုံပမာပြု၍ အသုံးပြုတတ်ပါသည်။