my_tw/bible/other/mock.md

2.3 KiB

ကဲ့ရဲ့ပြောဆို၊ မထီမဲ့မြင်ပြု၊ မရိုမသေပြု၊ ပျက်ရယ်ပြုသူ

အသုံးအနှုန်းများ၏အဓိပ္ပါယ်

"ကဲ့ရဲ့ပြောဆို"၊ "မထီမဲ့မြင်ပြု"၊ "မရိုမသေပြု" အားလုံးသည် တစ်စုံတစ်ယောက်ကို အထူးသဖြင့် ရက်စက်သည့်အပြုအမူဖြင့် လှောင်ပြောင်ခြင်းကို ရည်ညွှန်းသည်။

  • ကဲ့ရဲ့ပြောဆိုခြင်း တွင် သူတစ်ပါးစကား၊ အပြုအမူများကို အထင်သေးသောစိတ်နှင့် စိတ်ဆိုးစေချင်သည့်ရည်ရွယ်ချက်ဖြင့် လိုက်တုခြင်းတို့ပါဝင်သည်။
  • ရောမစစ်သားများသည် ယေရှုကို ဝတ်လုံခြုံပေး၍ ဘုရင်အဖြစ်အရိုအသေပေးသကဲ့သို့ ဟန်ဆောာင်၍ မထီမဲ့မြင် လှောင်ပြောင်ခဲ့ကြသည်။
  • လူငယ်စုတစ်စုရဲ့ လှောင်ပြောင်သရော်မှု သို့မဟုတ် ဧလိရှဲကို နာမည်ဗြောင်ခေါ်၍ သူ၏ ဦးခေါင်း (ဆံပင်မရှိ) ကို မရိုမသေပျက်ရယ်ပြု၍ လှောင်ပြောင်ခဲ့ကြသည်။
  • "မရိုမသေပျက်ရယ်ပြု" ခြင်းသည် အတွေးအမြင်တစ်ခုခုကို အရေးမကြီး သို့မဟုတ် ယုံကြည်စရာမရှိ ဟူ၍ လှောင်ပြောင်ခြင်းဖြစ်သည်။
  • ပျက်ရယ်ပြုသူ သည်အမြဲကဲ့ရဲ့ပြောဆိုသူနှင့် လှောင်ပြောင်သောသူဖြစ်သည်။