my_tw/bible/other/mind.md

3.5 KiB

စိတ်နှလုံး

အသုံးအနှုန်းများ၏အဓိပ္ပါယ်

စိတ်နှလုံး သည်စဉ်းစားခြင်းနှင့်ဆုံးဖြတ်မှုလုပ်ဆောင်သည့် လူ့အစိတ်အပိုင်းဖြစ်သည်။

  • လူတစ်ယောက်၏ စိတ်နှလုံးသည် သူ၏တွေးတောခြင်းနှင့်ဆင်ခြင်တွက်ဆခြင်းအားလုံးကိုဆိုလိုသည်။
  • "ခရစ်တော်၏ စိတ်နှလုံးရှိခြင်း" သည် ခရစ်တော်ပြုလုပ်မည့်၊ စဉ်းစားမည့်အတိုင်းလုပ်ဆောင်ခြင်းဖြစ်သည်။ ဝိညာဉ်တော်တန်ခိုးပေးခြင်းအားဖြင့် ခမည်းတော်ဘုရားကိုနာခံခြင်း နှင့် ခရစ်တော်ရဲ့သွန်သင်ခြင်းများကို လိုက်လျှောက်ခြင်းဖြစ်သည်။
  • "စိတ်နှလုံးပြောင်းလဲခြင်း" သည် တစ်ယောက်က အရင်စဉ်းစားသည့်အတိုင်းမဟုတ်ဘဲ ဆုံးဖြတ်ချက်ပြောင်းလဲသည် သို့မဟုတ် မတူသည့်ထင်မြင်ချက်ရှိခြင်းကို ဆိုလိုသည်။

ဘာသာပြန် အကြံပြုချက်များ

  • "စိတ်နှလုံး" သည် "အတွေးအခေါ်များ"၊ "ဆင်ခြင်တုံတရား"၊ "စဉ်းစားခြင်း" သို့မဟုတ် "နားလည်ခြင်း" ဟုလည်း ပြန်ဆိုနိုင်သည်။
  • "စိတ်ထဲတွင်မှတ်ထားသည်" ဆိုသည့်ဖော်ပြချက်သည်လည်း "သတိရသည်"၊ "အာရုံစိုက်သည်" သို့မဟုတ် "သိကြောင်းထင်ရှားသည်" ဟုလည်းဘာသာပြန်နိုင်သည်။
  • "နှလုံးသား၊ ဝိညာဉ် နှင့် စိတ်နှလုံး" များကိုလည်း "ကျွန်ုပ်တို့ ခံစားချက်၊ ယုံကြည်ချက်နှင့်ထင်မြင်ချက်" ဟုလည်းဘာသာပြန်နိုင်သည်။
  • "ပြန်လည်စဉ်းစားသည်" ဆိုသည့် အသုံးအနှုန်းကိုလည်း "သတိရသည်" သို့မဟုတ် "စဉ်းစားသည်" ဟုပြန်နိုင်သည်။
  • "စိတ်ပြောင်း၍ ထွက်သွားသည်" ဆိုသည့်အသုံးအနှုန်းကိုလည်း "မတူအောင်စိတ်ဆုံးဖြတ်၍ ထွက်သွားသည်"၊ "နောက်ဆုံးတော့သွားဖို့ဆုံးဖြတ်သည်" သို့မဟုတ် "ထင်မြင်ချက်ပြောင်း၍ ထွက်သွားသည်" ဟုလည်း ပြန်နိုင်သည်။