my_tw/bible/other/messenger.md

1.8 KiB

သံတမန်

အသုံးအနှုန်းများ၏အဓိပ္ပါယ်

"သံတမန်" ဟူသောဝေါဟာရသည် အခြားသူများကိုပြောဖို့ သတင်းပေးခြင်းခံရသောသူကိုရည်ညွှန်းသည်။

  • ရှေးခေတ်တွင် စစ်မြေပြင်တွင်ဖြစ်ပျက်သည်များကို မြို့နေလူများအားပြောပြဖို့ သံတမန်တစ်ယောက်ကို စေလွှတ်လေ့ရှိသည်။
  • ကောင်းကင်တမန်သည် လူများကိုသတင်းပေးဖို့ ဘုရားသခင်စေလွှတ်သော အထူးသံတမန်ဖြစ်သည်။ အချို့ဘာသာပြန်မှုများမှ "ကောင်းကင်တမန်" ကို "သံတမန်" ဟုပြန်ကြသည်။
  • ဗတ္တိဇံဆရာယောဟန်ကို ယေရှုရှေ့တွင်ကြွလာပြီး မေရှိယကြွလာခြင်းကိုပြောကြားဖို့နှင့် သူ့ကိုလက်ခံဖို့လူများကိုပြင်ဆင်ဖို့ ကြွလာသော သံတမန် ဟုခေါ်ကြသည်။
  • ယေရှု၏တမန်တော်များသည် သွား၍ဘုရားသခင်၏နိုင်ငံတော်နဲ့စပ်ဆိုင်သော သတင်းကောင်းကို ဝေငှမည့် သူ့သံတမန်များပင်ဖြစ်သည်။