my_tw/bible/other/melt.md

3.7 KiB

ပိန်ချုံး (အရည်ပျော်)၊ အရည်ကျိုထားသော

အသုံးအနှုန်းများ၏အဓိပ္ပါယ်

"ပိန်ချုံး" ဟူသောအသုံးအနှုန်းသည် အပူပေးသောအခါအရည်ပျော်လာခြင်းကိုဆိုလိုသည်။ တင်စားသည့်အခါမျိုးတွင်လည်းအသုံးပြုသည်။ အရည်ပျော်စေခြင်းကို ကြေမွအောင်ထုချေခြင်းဟုလည်း ဖော်ပြထားသည်။

  • လက်နက်များ သို့မဟုတ် ရုပ်တုဆင်းတု စသည်များကိုပြုလုပ်ရန် သတ္တုအမျိုးမျိုးကို အရည်ပျော်ပြီး ပုံစံခွက်များထဲသို့ထည့်၍ရသည်တိုင်အောင်အပူပေးရသည်။ "ထုချေထားသော သတ္တု" သည် အရည်ပျော်အောင်ပြုလုပ်ထားသော သတ္တုကို ဆိုလိုသည်။
  • ဖယောင်းတိုင်တစ်ခုလောင်ပါက ဖယောင်းသည်အရည်ပျော်ပြီးအရည်ကျလာသည်။ ရှေးခေတ်ကဆိုရင် အရည်ဖျော်ထားသော ဖယောင်းဖြင့်စာအိတ်အနားများကို လောင်းပြီးတံဆိပ်ခတ်လေ့ရှိသည်။
  • တင်စားသည့်အခါတွင်သုံးသည့် "ပိန်ချုံး" သည် အရည်ပျော်သော ဖယောင်းကဲ့သို့ ပျော့ပျောင်းလာခြင်း နှင့် အားနည်းလာခြင်း ကိုဆိုလိုသည်။
  • "သူတို့၏ စိတ်နှလုံးများသည် ပိန်ချုံးလိမ့်မည်" ဟူသောအသုံးအနှုန်းသည် သူတို့အားနည်းလာမည်အဘယ်ကြောင့်ဆိုသော်ကြောက်သောကြောင့် ဟုဆိုလိုခြင်းဖြစ်သည်။
  • နောက်ထပ်တင်စားထားသည့် "သူတို့သည် ပိန်ချုံးသွားလိမ့်မည်" သည် သူတို့ကိုနှင်ထုတ်ဖို့ သို့မဟုတ် အားနည်းစေဖို့ သို့မဟုတ် အရှုံးဖြင့်ထွက်သွားကြမည်ဟု ဆိုလိုခြင်းဖြစ်သည်။
  • "ပိန်ချုံး" ၏စကားလုံးအလိုက်အဓိပ္ပါယ်ကို "အရည်ဖြစ်လာခြင်း" သို့မဟုတ် "အရည်ပျော်စေသည်" သို့မဟုတ် "အရည်ဖြစ်လာစေသည်" ဟုပြန်ဆိုနိုင်သည်။
  • အခြားအသုံးပြုနိုင်သော "ပိန်ချုံး" ၏တင်စားစကားလုံးများတွင် "ပျော့ပျောင်းလာခြင်း" သို့မဟုတ် "အားနည်းလာခြင်း" သို့မဟုတ် "ရှုံးနိမ့်ခြင်း" စသည်များပါဝင်နိုင်သည်။