my_tw/bible/other/lute.md

2.2 KiB

စောင်း၊ စောင်းတစ်မျိုး

အသုံးအနှုန်းများ၏အဓိပ္ပါယ်

စောင်းသည် သေးငယ်သော ကြိုးတပ် တူရိယာတစ်မျိုးဖြစ်၍ ဣသရေလလူမျိုးများ ဘုရားကိုကိုးသောအခါ အသုံးပြုလေ့ရှိသည်။

  • စောင်းတစ်မျိုးသည် စောင်းကဲ့သို့ဖြစ်၍ ဘောင်မခပ်ဘဲ ကြိုးများသည် ထိတ်ထိတ်ပျာပျာရှိသည်။
  • စောင်းသည် ယနေ့ခေတ်အသုံးပြုသော ဟော်လိုဂီတာ (သစ်သားဖြင့်ပြုလုပ်ထားသောအသံအိုးသေတ္တာ နှင့် လည်ပင်းရှည်၍ကြိုးတပ်ထားသောတူရိယာ) နှင့်အင်မတန်ဆင်တူသည်။
  • စောင်းကိုတီးခတ်ရာ၌ လက်တစ်ဖက်ဖြင့် ကြိုးကိုဖိနှိပ်ထားကာ ကျန်လက်တစ်ဖက်ဖြင့် ကြိုးများကိုအသံမြည်အောင်တီးခတ်ပေးရသည်။
  • စောင်း၊ စောင်းကောက်၊ ဗျပ်စောင်း စသည်တို့ကို လက်ညိုးဖြင့် ဆွဲပင့်၍သော်လည်းကောင်း၊ လက်မဖြင့် ဖိချ၍သော်လည်းကောင်း တီးခတ်ရသည်။
  • စောင်းတစ်ခုနှင့်တစ်ခု ကြိုးအရေအတွက်တပ်ဆင်မှုကွာဟနိုင်သည်။ ဓမ္မဟောင်းကျမ်းတွင် ကြိုးဆယ်ပင်တပ်ထားသောစောင်းဟု တိတိကျကျဖော်ပြချက်များလည်းရှိသည်။