my_tw/bible/other/lion.md

1.9 KiB

ခြင်္သေ့

အသုံးအနှုန်းများ၏အဓိပ္ပါယ်

ခြင်္သေ့သည် ကိုယ်ထည်ကြီးမားသော ကြောင်မျိုးနွယ်ဝင်သားရဲတစ်မျိုးဖြစ်သည်။ ၄င်းသားရဲတွင် ချွန်ထက်သော သွား နှင့် လက်သည်းများရှိကာ သားကောင်များကို ဆုတ်ဖြဲ ကိုက်ဖဲ့ နိုင်သော အစွမ်း ရှိသည်။

  • ခြင်္သေ့သည် အပြေးလျင်၍ သားကောင်များကိုလွယ်လင့်တကူဖမ်းစားနိုင်သည်။ သားမွေးများသည် တိုတောင်း၍ ရွှေညိုရောင်ရှိသည်။
  • ခြင်္သေ့ဖို (အထီး) ၏ခေါင်းတွင် လည်ဆံမွေးများ ထူးထဲစွာပေါက်ရောက်သည်။
  • ခြင်္သေ့သည် အခြားတိရစ္ဆာန်များကို အစာအဖြစ်သတ်ဖြတ်စားသောက်လေ့ရှိသည်။ ရံဖန်ရံခါ လူကိုလည်း အန္တရာယ်ပြုနိုင်သည်။
  • ဒါဝိဒ်မင်းကြီး ငယ်ရွယ်စဉ်အခါက သူ၏သိုးကိုလာရောက်တိုက်ခိုက်သော ခြင်္သေ့များကို သတ်ဖြတ်ခဲ့သည်။
  • ရှံဆုန်သည် လက်နက်မပါ လက်ဗလာဖြင့် ခြင်္သေ့တစ်ကောင်ကိုသတ်ဖြတ်နိုင်ခဲ့သည်။