my_tw/bible/other/letter.md

2.1 KiB

စာ၊ ဩဝါဒစာစောင်

အသုံးအနှုန်းများ၏အဓိပ္ပါယ်

စာစောင်ဆိုသည်မှာ အဝေး၌ရှိသော လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက် (သို့) အဖွဲ့လိုက်အား ပေးပို့သောစာကို ဆိုလိုခြင်း ဖြစ်သည်။ ဩဝါဒစာ ဆိုသည်မှာ ထူးခြားသောစာစောင်၊ သမာရိုးကျဆန်သော စာ ပုံစံ အမျိုးအစား၊ အဓိက ရည်ရွယ်ချက်နှင့် သင်ကြားခြင်းတို့ ပါဝင်သည်။

  • ဓမ္မသစ်ခေတ်ကာလတွင် ဩဝါဒစာနှင့် အခြားသော စာစောင်များအား ကျူပင် အမျှင်မှရသော စက္ကူ (သို့) တိရစ္ဆာန် သားရေများပေါ်တွင် ရေးလေ့ရှိကြသည်။

  • ဓမ္မသစ်ခေတ်တွင် ရေးသားသော ရှင်ပေါလု၊ ရှင်ယောဟန်၊ ရှင်ယာကုပ်တို့၏ ဩဝါဒစာများသည် ရောမအင်ပါယာတစ်လျှောက်ရှိ မြို့အသီးသီးမှ ယုံကြည်သူ ခရစ်ယာန်များအား အားပေးခြင်း၊ တိုက်တွန်းခြင်း နှင့် သင်ကြားခြင်းစာများ ဖြစ်သည်။

  • ၎င်းဝေါဟာရအား "ရေးသားသောစာ" သို့မဟုတ် "ရေးချထားသော စကားလုံးများ" သို့မဟုတ် "ရေးသားထားသော အမှာစကား" စသည်ဖြင့် ဘာသာပြန်ဆိုနိုင်သည်။