my_tw/bible/other/leprosy.md

3.5 KiB

နူနာ၊ နူနာသည်

အသုံးအနှုန်းများ၏အဓိပ္ပါယ်

"နူနာ" ဟူသော ‌ဝေါဟာရသည် သမ္မာကျမ်းစာထဲတွင် အမျိုးအမည် ကွဲပြားသော ရောဂါအဖြစ် ဖော်ပြထားသည်။ "နူနာသည်" ဟူသော ဝေါဟာရအား လူ၏ ခန္ဓာကိုယ် အစိတ်အပိုင်း (သို့မဟုတ်) လူတစ်ယောက်ထံတွင် ရောဂါပိုးဝင်ရောက်ကာ နူနာစွဲခြင်း ဖြစ်သည်။

  • မိရိအံ နှင့် နေမန် တွင် အနူ (အနာကြီးရောဂါ) ဖြစ်သကဲ့သို့ နူနာ အမျိုးအစားသည် အရေပြားပေါ်တွင် အဖြူရောင် အကွက်လေးများ ဖြစ်ပေါ်စေသည်။

  • မျက်မှောက်ခေတ် ကာလများတွင် အနူ (အနာကြီးရောဂါ) သည် ခြေ၊ လက်များနှင့် အခြားသော ကိုယ်ခန္ဓာ အစိတ်အပိုင်းများတွင် အဖြစ်များလေ့ရှိကာ ပုံပန်းမကျခြင်း နှင့် ပျက်စီးခြင်းများကို ဖြစ်ပေါ်လာစေသည်။

  • ဣသရေလလူမျိုးများဆီသို့ ဘုရားသခင်၏ ညွှန်ကြားချက်အရ လူတစ်ဦး တစ်ယောက်သည် နူနာရောဂါစွဲသောအခါ ထိုသူအား "မသန့်ရှင်းသောသူ" ဟု ယူဆကာ ရောဂါ မကူးစက်နိုင်စေရန် လူအများနှင့် ဝေးကွာသော သီးသန့်နေရာများတွင်သာ နေစေသည်။

  • နူနာသည်အား "မသန့်ရှင်းသောသူ" ဟု ခေါ်လေ့ရှိကြသောကြောင့် ထိုသူအနီးသို့ မလာကြရန် သတိပေး တားမြစ်ကြသည်။

*ယေရှုသည် အမျိုးမျိုးသော ရောဂါများကိုသာမက နူနာရောဂါစွဲသော သူများကိုပါ ကျန်းမာစေခဲ့သည်။

ဘာသာပြန် အကြံပြုချက်များ

  • သမ္မာကျမ်းစာထဲတွင် "နူနာ" ဟူသော ဝေါဟာရအား "အရေပြားရောဂါ" သို့မဟုတ် "ကြောက်စရာကောင်းသော အရေပြားရောဂါ" ဟူ၍ ဘာသာပြန်သည်။

  • "နူနာစွဲခြင်း" ဟူသော ဝေါဟာရတွင် "နူနာအပြည့်" သို့မဟုတ် " အရေပြား ပိုးဝင်ခြင်း" သို့မဟုတ် "အရေပြား ပွန်းရာများနှင့် ဖုံးလွှမ်းခြင်း" စသည်တို့ ပါဝင်နိုင်သည်ဟု ဘာသာပြန်ကြသည်။