my_tw/bible/other/lawless.md

2.2 KiB

ဥပဒေမဲ့သော၊ ပညတ်တရားမဲ့ခြင်း

အသုံးအနှုန်းများ၏အဓိပ္ပါယ်

"ပညတ်တရားမဲ့သော" ဆိုသည့် ဝေါဟာရသည် စည်းကမ်းများ သို့ ဥပဒေများအား မလိုက်နာသော လူတစ်ယောက်အား ဖော်ပြသည်။ "ပညတ်တရားမဲ့ခြင်း" ဟု ဆိုရာတွင် နိုင်ငံတစ်နိုင်ငံ (သို့) လူတစ်စု၏ စည်းကမ်းမလိုက်နာခြင်း၊ ပုန်ကန်ခြင်း(သို့)အကျင့်ပျက်ခြင်း စသည်တို့ ပျံ့နှံ့ခြင်းကို ဆိုလိုသည်။

"ဥပဒေမဲ့သောသူ ဆိုသည်မှာ ဘုရားသခင်၏ ပညတ်တော်တို့ကို နာခံမှုမရှိခြင်း နှင့် ပုန်ကန်သောသူ ဖြစ်သည်။

"မတရားသောသူ (သို့) ပညာမဲ့သောသူ" တို့သည် နောက်ဆုံးသော ကာလတွင် ဒုစရိုက်ပြုလုပ်ရန် စာတန်၏ လွှမ်းမိုးခြင်းကို ခံရမည်ဟု တမန်တော် ရှင်ပေါလုမှ ရေးသားခဲ့သည်။

ဘာသာပြန် အကြံပြုချက်

  • "ပညတ်တရားမဲ့သော" ဟူသည့် ဝေါဟာရအား "ပုန်ကန်သော" (သို့) "မနာခံသော" (သို့) "အာဏာ ဖီဆန်သော" စသည်ဖြင့် ပြန်ဆိုနိုင်သည်။

"ပညတ်တရားမဲ့ခြင်း" ဟူသည့် ဝေါဟာရအား "ပုန်ကန်ခြင်း" (သို့) "မည်သည့် ဥပဒေကိုမျှ မလိုက်နာခြင်း" စသည်ဖြင့် ပြန်ဆိုနိုင်သည်။